Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပထမဆုံးအကြိမ် မွန်အမျိုးသားနေ့ ကျင်းပ
DVB
·
February 10, 2020
85236854_781095875708091_5801494050792013824_o
85134876_781095165708162_4433113347117809664_o
85090974_781095605708118_2935426910626250752_o
85068024_781095009041511_5876938703284207616_o
84926682_781094775708201_1054696878152613888_o
84900180_781094932374852_7223081840121217024_o
84837471_781094809041531_4834292820464369664_o
84707128_781094905708188_3052550522759282688_o
84679742_781094979041514_1462540903791984640_o
84634757_781095802374765_3918143813389910016_o
84629384_781095299041482_5039416915173310464_o
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပထမဆုံး အကြိမ်အဖြစ် မြကျွန်းသာအိမ်ယာ မြက်ခင်းပြင်မှာ ဖေဖော်ဝါရီ ၉ ရက် မနက်က ကျင်းပပါတယ်။ မွန်အမျိုးသားနေ့ကို မွန်လူမျိုးများနေထိုင်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာရှိတဲ့ မြို့နယ်တွေမှာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ဒီနှစ်တွင်း ဧရာဝတီတိုင်းတွင် ပထမဆုံးအကြိမ်ကျင်းပတာလို့ အခမ်းအနားကိုဦးဆောင်ပြုလုပ်သူ မွန်အမျိုး သမီးများပါတီဗဟိုကော်မတီ ဥက္ကဋ္ဌ မိသန်းရှင် (မိလျိုင်မာ)က ပြောပါတယ်။ အရင်က မွန်လူမျိုးတို့ နေထိုင်ခဲ့တဲ့ မွန်တို့ဌာနေ ရာမညတိုင်းကြီး ၃ တိုင်းမှာ ပုသိမ်ဆိုတဲ့ တိုင်းလည်းပါဝင်ခဲ့ကာ ပုသိမ်တိုင်းမှာ မြို့နယ် ၃၂ မြို့နယ်ပါရှိကာ အခုအချိန်မှာ ပုသိမ်တိုင်းမှာ မွန်လူမျိုးတွေ လျော့နည်းလာကာ မွန်ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးစံတွေ ပျောက်ကွယ်သွားခဲ့ ပြီဖြစ်တယ်လို့ အခမ်းအနားသဘာပတိ ဗညားအောင်မိုးက အမှာစကားမှာ ထည့်သွင်းပြောပါတယ်။ မွန်လူမျိုးတွေရဲ့ ကိုးကွယ်မှုတွေထဲ တလိုင်းထုံးစံ ကိုးကွယ်မှုတွေဟာ မွန်တို့ရဲ့ ယဉ်ကျေးမှု ထုံးစံဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းမှာ တလိုင်းတို့ရဲ့ ထုံးစံကိုးကွယ်မှုတွေကို ထိန်းသိမ်းထားတာ တွေ့ရတယ်လို့ အခမ်းအနားစီစဉ်သူတွေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရယူကာ မနက်ပိုင်းမှာ မွန်အမျိုးသားအလံ ကို လွှင့်တင်ခဲ့ပြီး၊ နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ မွန်အမျိုးသားအလံအား အလေးပြုတာတွေ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာတော့ မွန်ရိုးရာ ယဉ်ကျေးမှု အကတွေနဲ့ မွန်လှပျိုဖြူတွေက  ကပြ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024