Home
မြန်မာသတင်း
တနှစ်အတွင်း ကျောင်းသား ၁ သိန်းကို ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာပို့ချပေးနိုင်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 10, 2020
တနှစ်အတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ ကျောင်းတွေက ကျောင်းသူ၊ ကျောင်းသားပေါင်း ၁ သိန်း ကျော်ကို ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာရပ် ပို့ချပေးနိုင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ “ဒစ်ဂျစ်တယ် နည်းပညာသင်တန်း စီမံကိန်းဟာ ကွန်ပျုတာကိုအခြေခံအသုံးပြုနိုင်ပြီး အွန်လိုင်းကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်တဲ့ ခေတ်မီပညာရေးကို လက်လှမ်းရာမှာ မညီမျှမှုတွေကို လျော့နည်းနိုင်ဖို့ ရည်ရွယ် လုပ်ဆောင်တာဖြစ်ပြီး တနှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝန်းက ကျောင်းသား ကျောင်းသူ တသိန်းကို သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်မှာရှိတဲ့ မင်္ဂလာသီရိဟိုတယ်မှာ ဒစ်ဂျစ်တယ် နည်းပညာ အခမဲ့သင်တန်းအစီအစဉ် အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး စီမံကိန်းအတွက် ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့ Plan International၊ KMD၊ Myanmar ICT for Development (MIDO) နဲ့ Irrawaddy Green Tower (IGT) တို့က ဝိုင်းဝန်းပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။ သင်တန်းမှာဆိုရင် ကျွမ်းကျင်ပညာရှင်တွေက Microsoft Word၊ Excel၊ PowerPoint၊ Search Engine၊ e-mail အသုံးပြုနည်းတွေနဲ့ အင်တာနက်ကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို သင်ကြားပို့ချ ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024