သမ္မတဦးဝင်းမြင့် ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်ကို သွားရောက်ဖူးမြော် (ဓာတ်ပုံ)
DVB
·
February 9, 2020
သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်ချိုချို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ ထမ်းစမ်းလိုဏ်ဂူတော်အတွင်းက ဗုဒ္ဓရုပ်ပွားတော်တွေ ထမ်းစမ်းရွှေတိဂုံ ပုံတူစေတီတော်တို့ကို မနေ့က သွားရောက်ဖူးမြော်ခဲ့ပါတယ်။
သမ္မတနဲ့ ဇနီးတို့ဟာ ထမ်းစမ်းလိုဏ်ဂူတော်အတွင်း သီတင်းသုံးနေတဲ့ ဟိုပုံးကိုရင်လေး ရှင်ပေါရိဿအား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဒီနောက် ထမ်းစမ်းလိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်တွေနဲ့ ထမ်းစမ်းရွှေတိဂုံ ပုံတူစေတီတော်ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။