DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ
DVB
·
March 4, 2013
ထိုင်းနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ
Donate to DVB

ထိုင်းနိုင်ငံ မြောက်ပိုင်း နခွန်စ၀မ်မြို့မှာ မြန်မာအချင်းချင်း ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးငယ် ၂ ဦးကို ထိုင်းရဲတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

သူတို့ ၂ ဦးကို ဘတ်ငွေ တသိန်း ၂ သောင်းနဲ့ လာရွေးဖို့ ခြိမ်းခြောက်ထားကြောင်း ဘန်ကောက်ခရိုင်  ခလောင်းတေမြို့က ကုန်စိမ်းဈေးမှာ ဈေးရောင်းနေတဲ့ မြန်မာအမျိုးသမီး မ၀င်းဝင်းသူက  ခလောင်းတေရဲစခန်းမှာ လာရောက် တိုင်တန်းတဲ့အတွက် တရားခံကို ထောင်ချောက်ဆင်ဖမ်းခဲ့တာလို့ ထိုင်းနိုင်ငံ ဘန်ကောက်က လူကုန်ကူးမှု တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူး ချွန်းလစ် ဆ၀ိုင်ဖစ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောခဲ့ပါတယ်။

[caption id="attachment_37074" align="alignright" width="300" caption="(Photo_ MCOT) "][/caption]

အသက် ၁၆ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ၂ ဦးဟာ မ၀င်းဝင်းသူဆီမှာ အလုပ်လုပ်နေရာက ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့ပြီးနောက် သူတို့ ၂ ဦးကို ငွေနဲ့ ပြန်ရွေးဖို့ စာရောက်လာတယ်လို့ ဆိုပါတယ်။

မိန်းကလေးတွေကို ပြန်ရွေးဖို့ ခလောင်းတေက ကုန်တိုက်တခုကို ချိန်းဆိုလိုက်ပြီး  မ၀င်းဝင်းသူနဲ့အတူ အရပ်ဝတ်ရဲတွေ လိုက်သွားခဲ့တယ်လို့ ဗိုလ်မှူး ချွန်းလစ် ဆ၀ိုင်ဖစ်က ပြောပါတယ်။

အဲဒီမှာ  မြန်မာလူမျိုးလင်မယား ၂ ဦးဖြစ်တဲ့ မောင်ဟလာအောင် (အသက် ၃၅ နှစ်) နဲ့ မမိုးသီတာ (အသက် ၃၃ နှစ်) တို့နဲ့အတူ ခြိမ်းခြောက်ဖို့ခေါ်လာတဲ့ ရဲအတုအယောင် ထိုင်းလူမျိုး နိုင်းဆစ်တိဖုန်းကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

တရားခံတွေကို စစ်ဆေးရာမှ ပြန်ပေးဆွဲတာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး မ၀င်းဝင်းသူဆီက အကြွေး ဘတ် ၅ သောင်း ရစရာရှိတာ မနှစ်ကတည်းက အခုထိ ပြန်မဆပ်သေးတဲ့အတွက် မကျေနပ်လို့ အခုလိုလုပ်တာဖြစ်ကြောင်း၊ မိန်းကလေး ၂ ဦးကိုလည်း ချုပ်နှောင်ရိုက်နှက်တာ မလုပ်ရဘဲ နခွန်စ၀မ်က ခေါက်ဆွဲဆိုင်တခုမှာ အလုပ်သွင်းပေးထားကြောင်း ထွက်ဆိုခဲ့ပါတယ်။

ရဲစခန်းကတော့ သူတို့ ၂ ဦးကို ဆက်လက်အရေးယူသွားမှာဖြစ်ပြီး မိန်းကလေး ၂ ဦးကိုတော့ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနဲ့ မနုဿလုံခြုံရေးဝန်ကြီးဌာနလက်အောက်ခံ ကယ်ဆယ်ရေးဌာနကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013