Homeသတင်းဓာတ်ပုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ YMBA ချီးမြှင့် (ဓာတ်ပုံ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ YMBA ချီးမြှင့် (ဓာတ်ပုံ)
DVB
·
February 9, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာကလျာဏယဝအသင်းကြီး (YMBA) က အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်ချီးမြှင့်အပ်နှင်းတဲ့ပွဲကို ရန်ကုန်မြို့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးတွေ၊ YMBA ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နဲ့ အသင်းသားတွေ၊ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား YMBA အသင်းရဲ့ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တွေ ချီးမြှင့်ပေးခဲ့ပါတယ်။
YMBA အသင်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၉ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။
Photo - Ye Ko / MPA