A d v e r t i s e m e n t With Us

သက်ငယ်မုဒိမ်းမှု ကာကွယ်ရေး ဝက်လက်မြို့နယ် အခြေခံကျောင်းများတွင် ပညာပေး

တစတစ များပြားလာတဲ့ မုဒိမ်းမှုတွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက အခြေခံပညာစာသင်ကျောင်းတွေမှာ သက်ငယ်မုဒိမ်း လျော့နည်းကျဆင်းဖို့  မြို့နယ်တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ ပညာ‌ရေးဌာနတို့ ပူးပေါင်းပြီး ပညာပေး၊ ဆွေးနွေတာတွေ လုပ်နေပါတယ်။ မုဒိမ်းမှုတွေ လျော့ဖို့ အခုအခါ ဆောင်ရန်၊ ရှောင်ရန်နဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ကလေးငယ်တွေအားလုံးရဲ့ စိတ်ထဲ စိမ့်ဝင်သွားအောင် အမေး အဖြေပုံစံနဲ့ တမျိုး၊ ဗဟုသုတပုံစံနဲ့တသွယ် ဟောပြော ပညာပေးနေတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ မြို့မစခန်းမှူး ကျော်ကျော်မိုးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၁၀ နာရီခြား တကြိမ်နှုန်းလောက် မုဒိမ်းမှုတွေ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းမှာတော့ ၂၀၁၇ ခုနှစ်မှာ ၆ နာရီခြား တကြိမ်နှုန်းခန့်အထိ မုဒိမ်းမှုဖြစ်ပွားခဲ့ရာမှာ မုဒိန်းမှုပေါင်း ၁၄၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲမှတ်တမ်းတွေအရ သိရပါတယ်။ မုဒိမ်းမှုဖြစ်ပွားရာမှာလည်း ဖခင်အရင်း၊ ဦးလေးအရင်းနဲ့ ဆွေမျိုးသားချင်းအချင်းချင်း ပြန်လည်ကျူးလွန်ကြတာ များတယ်လို့ သိရပါတယ်။ ကျေးရွာသားတဦးက “ပညာပေးဟောပြောတာ ကလေးတွေအတွက် ကောင်းပါတယ်။ ပြစ်မှုကျူးလွန်တဲ့ လူကြီးတွေ ကြောက်သွားအောင်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ထိထိရောက်ရောက်ပေးမှ ပိုကောင်းမှာ” လို့ ပြောပါတယ်။ မြန်မာလူမျိုးတွေဟာ အရှက်ကြီးတာကြောင့် လူတော မတိုးဖြစ်မှာစိုးလို့ တချို့ဆို ကျိတ်ရှင်းလိုက်တာမျိုးတွေ ရှိတဲ့အတွက် မုဒိမ်းသမားတွေ ကန်းတက်လာအောင် လုပ်နေတာမျိုးနဲ့ တူတယ်လို့ သူက မှတ်ချက်ပြုပါတယ်။ ဝက်လက်မြို့မရဲစခန်းအပိုင်အတွင်း အမှု ၃ မှုအပါအဝင် ရွှေဘိုခရိုင်မှာ ၂၀၁၉ ခုနှစ်က သက်ငယ်မုဒိမ်းမှု ၁၂ မှုဖြစ်ခဲ့တဲ့အနက် ဖခင်အရင်းက ကျူးလွန်တာ ၂ မှုနဲ့ ဦးလေးအရင်းက ကျူးလွန်တာက ၂ မှု ပါတယ်လို့ သိရပါတယ်။ အောင်စံလင်း

A d v e r t i s e m e n t With Us

More News
Up