ရေနံပြဿနာ ရုရှားနှင့်ဘယ်လာရုစ် သမ္မတနှစ်ဦး ဆွေးနွေး

Sputnik/Mikhail Klimentyev/Kremlin via REUTERS
ရုရှားနဲ့ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရေနံအငြင်းပွားမှု ပြဿနာဖြစ်နေချိန်မှာ ဖေဖော်ဝါရီ ၇ ရက်က သမ္မတနှစ်ဦး  တွေ့ဆုံခဲ့တယ်လို့ ကရင်မလင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။  နှစ်နိုင်ငံကြား ဖြစ်နေတဲ့ ရေနံပြဿနာကြောင့် ဘယ်လာရုစ်အစိုးရဟာ  အမေရိကန်ကနေ ရေနံဝယ်ယူဖို့အထိ ကြိုးပမ်းလာပါတယ်။  ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း ဘယ်လာရုစ်ဟာ ရုရှားရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကို ဥရောပဆီ ပို့ဆောင်တဲ့ အဓိကလမ်းကြောင်း ဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်က ဘယ်လာရုစ်အစိုးရကို သူ့ရဲ့ ရေနံပို့ဆောင်ရေးလမ်းကြောင်းအဖြစ် ဆက်ရှိစေလိုပြီး  ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း အပြန်အလှန်အနေနဲ့ ရေနံကို ဈေးပေါပေါနဲ့ရသလို ချေးငွေကိုလည်း နှစ်ပေါင်းများစွာ ရခဲ့ပါတယ်။  ဘယ်လာရုစ်အစိုးရအပေါ် ထောက်ပံ့ငွေဟာ တနှစ်ကို ဒေါ်လာ ဘီလီယံချီ ကုန်ကျတဲ့အတွက် ရုရှားကလည်း ရေနံလုပ်ငန်းအပေါ်မှာ အခွန်ကောက်ခံတဲ့အတိုင်း သူရဲ့မူကို တဖြည်းဖြည်း ပြောင်းလဲ ကျင့်သုံးလာမှုကြောင့် ဘယ်လာရုစ် စီးပွားရေးကို အထိနာစေပါတယ်။  ဘယ်လာရုစ်သမ္မတ ရွေးကောက်ပွဲ နီးလာချိန်မှာ လူကာရှန်ကိုက ရုရှားနဲ့ ရေနံသဘောတူညီချက်သစ် ရေးထိုးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။  ဒါကြောင့် ဇန်နဝါရီလ ၁ ရက်ကစလို့ ရုရှားဟာ ဘယ်လာရုစ်ဆီ ရေနံထောက်ပို့မှု အားလုံးနီးပါး ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့်မို့ အခုလို ရုရှားနဲ့ ဘယ်လာရုစ်သမ္မတနှစ်ဦး ရေနံပြဿနာနဲ့ပတ်သက်ပြီး ဆိုချီမြို့မှာ တွေ့ဆုံဆွေးနွေးလို့ ရိုက်တာသတင်းက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up