DVB Logo
Home
မြန်မာသတင်း
ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ဒုသမ္မတ ဦးဥာဏ်ထွန်း တွေ့ဆုံ
DVB
·
March 4, 2013
ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ဒုသမ္မတ ဦးဥာဏ်ထွန်း တွေ့ဆုံ
1 / 2
Donate to DVB

မတ်လ ၂ ရက်နေ့က မြန်မာနဲ့ ဗီယက်နမ်နိုင်ငံ ခရီးစဉ်စတင်ခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီနေ့ ဒုသမ္မတ ဦးဥာဏ်ထွန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဟာ ဒုသမ္မတ ဦးဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

[caption id="attachment_37063" align="alignright" width="300" caption="ဒုသမ္မတ ဦးဥာဏ်ထွန်းနဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergey K.SHOIGU"][/caption]

မြန်မာနိုင်ငံမှာ သုံးရက်ကြာနေထိုင်ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးဟာ ဗီယက်နမ်နိုင်ငံမှာ ၄ ရက်နဲ့ ၅ ရက်ထိ ရောက်ရှိပြီး ရုရှား-ဗီယက်နမ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စ ဆွေးနွေးမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်က ဖော်ပြပါတယ်။

ဗီယက်နမ်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Phung Quang Thanh၊ ဗီယက်နမ်သမ္မတတို့နဲ့တွေ့ဆုံပြီး အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးနဲ့အဖွဲ့ဟာ၂၀၀၂ ခုနှစ်မတိုင်ခင်ထိ ရုရှားရဲ့ ပြင်ပနယ်နိမိတ်တွေမှာ အကြီးဆုံး ရေတပ်အခြေစိုက်စခန်းဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ Khanh Hoa ခရိုင်၊ Cam Ranh ရေနက်ဆိပ်ကမ်းကို သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။

ရုရှားနဲ့ မြန်မာဟာ  မြန်မာစစ်အစိုးရလက်ထက်က နီးကပ်တဲ့ဆက်ဆံရေး ရှည်ကြာစွာရှိခဲ့ပါတယ်။ ရုရှားနဲ့နီးစပ်ရာကနေ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပိုမိုနီးကပ်ခဲ့ပါတယ်။

မြန်မာလေတပ်က သုံးနေတဲ့ အမ်အိုင်ဂျီ ၂၉ ဟာ ရုရှားလုပ် တိုက်လေယာဉ်တွေဖြစ်သလို ခေတ်မီတဲ့ ရုရှားဟယ်လီကော်ပတာတွေ သင်္ဘောတွေ ၀ယ်ယူထားပါတယ်။ ရာနဲ့ချီတဲ့ မြန်မာ့တပ်မတော်သားတွေကိုလည်း ရုရှားက သင်တန်းပို့ချခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံက ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ တူးဖော်လုပ်ကိုင်နေသလို သတ္တုတွင်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေပါတယ်။

ရုရှားဟာ မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ ခိုင်မာတဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေး ရှိပါတယ်။ အခုအခါ အိန္ဒိယနဲ့ မြန်မာဟာလည်း ကာကွယ်ရေးကဏ္ဍအပါအ၀င် ဆက်ဆံရေးတိုးတက်လာနေတယ်လို့ သတင်းတွေက ရေးပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013