A d v e r t i s e m e n t With Us

ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးပါတီ ညီလာခံတခုကို ရုပ်သံတိုက်ရိုက်လွှင့်မည်

လာမယ့် မတ်လ ၈-၉-၁၀ ရက်နေ့တွေမှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီညီလာခံ ကျင်းပပုံတွေကို စကိုင်းနက် ရုပ်သံ ကုမ္ပဏီကနေ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမယ်လို့ ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံရေးသမိုင်းမှာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာမသိမ်းခင် ပါလီမန် ဒီမိုကရေစီခေတ် အစည်းအဝေး ကျင်းပပုံကို ရေဒီယိုကနေ တိုက်ရိုက်လွှင့်ပေးတာ ရှိခဲ့ဖူးပေမယ့် ပါတီ ညီလာခံတခုကို ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်ပေးတာကတော့ ဒါ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ ညီလာခံကို ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်ရုံမက အင်တာနက်ကနေလည်း ဖေ့ဘုတ်၊ တွစ်တာ၊ ဖလစ်ကာ၊ ယူကျု စတဲ့ ဆိုရှယ်မီဒီယာတွေကနေ သတင်းတွေ ဗီဒီယိုဖိုင်တွေကို တိုက်ရိုက် ထုတ်လွှင့်ပေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up