Home
သတင်းဓာတ်ပုံ
၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား မုံရွာတက္ကသိုလ်တွင် ကျင်းပ
Aung Ko Latt
·
February 7, 2020
84915219_1241125509425775_1599939862528524288_n
84788643_1241125549425771_4950062396912697344_n
84414885_1241123786092614_1595150243849043968_n
84334866_1241125136092479_4111799812842586112_n
84281217_1241125242759135_4215294377053913088_n
84193814_1241124262759233_5820964580653793280_n
84010682_1241125206092472_7212719033223741440_n
83916711_1241124666092526_1002894878163599360_n
83885588_1241124712759188_5243091823492071424_n
83096707_1241125089425817_6966068398673362944_n
၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ (မုံရွာ) ကနေ ဦးဆောင်ပြီး မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။  ဒီအခမ်းအနားကို မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းနဲ့ တက္ကသိုလ်တာဝန်ရှိ သူတွေ၊ ရှမ်းသံဃာတော်တွေ၊ ရှမ်းတိုင်းရင်းသားတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ ကြပါတယ်။  ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို မုံရွာတက္ကသိုလ်သာမက ရှမ်းပြည်နယ် အတွင်းက မြို့နယ်တွေမှာလည်း တပြိုင်နက်တည်း ကျင်းပနေကြပြီး တောင်ကြီးမြို့မှာကျင်းပတဲ့ ရှမ်းပြည်နယ်နေ့အခမ်းအနားကိုတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်ခဲ့ ပါတယ်။  မုံရွာတက္ကသိုလ်မှာကျင်းပတဲ့ ရှမ်းပြည်နယ်နေ့အခမ်းအနားမှာတော့ ရှမ်းတိုင်းရင်းသား ကျောင်းသားကျောင်းသူတွေက ရှမ်းရိုးရာတေးသီချင်းတွေ၊ ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြသလို စစ်ကိုင်းတိုင်းအတွင်းက ရှမ်းတိုင်းရင်းသားတို့ရဲ့ ရှေးဟောင်းအမွေအနှစ် ရိုးရာယဉ်ကျေးမှုပစ္စည်းတွေကိုလည်း ခင်းကျင်းပြသခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024