Home
မြန်မာသတင်း
မြန်မာနှင့်ကာဇက်စတန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
DVB
·
February 7, 2020
83897085_1378644125669212_4454153897979674624_o
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန် နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန် နိုင်ငံ သံအမတ်ကြီး H.E. Ms. Raushan Yesbulatova အား ဖေဖော်ဝါရီ ၆ ရက်နေ့ မနက် ၁၁ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံဆက်ဆံရေး၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးကဏ္ဍတွေ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024