Home
မြန်မာသတင်း
ပညာရေးဝန်ထမ်းများ၏  လစာငွေများကို ပြန်ပေးလိုက်ပြီး အေအေပြော 
DVB
·
February 6, 2020
83872175_10221016867641725_4203753701145313280_n
ပညာရေးဝန်ထမ်းတွေရဲ့ လစာကိုမယူဘဲ ပြန်ပေးလိုက်ပြီလို့  ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ရက်နေ့က  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မောင်နှမရွာနားမှာ အေအေ အဖွဲ့ဝင်တွေက စက်လှေတစ်စီးကို စစ်ဆေးခဲ့ပြီး အဲဒီလှေပေါ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့ပိုင် ပိုက်ဆံ ကျပ် ၄၃ သိန်းကျော်ကို သိမ်းဆည်းပြီး  ဆရာမတွေရဲ့ လစာ ကျပ် သိန်း ၂၀ကိုတော့ ပြန်ပေးလိုက်တယ်လို့ ခိုင်သူခက ပြောပါတယ်။  "ရဲတပ်ဖွဲ့ပိုက်ဆံကိုတော့ ကျနော်တို့ သိမ်းဆည်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပိုက်ဆံဖြစ်နေလို့ သိမ်းလိုက်တာ။ လက်နက်ကိုင်ပတ်သက်ရင်တော့ သိမ်းသင့်ရင်သိမ်းမှာပဲ။ ဖျက်ဆီးသင့်ရင် ဖျက်ဆီးမှာပဲ"လို့ ခိုင်သုခက ပြောပါတယ်။ ပညာရေးဝန်ထမ်းတွေရဲ့ လစာကို  ပြန်ပေးလိုက်ပြီဆိုပေမယ့် ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာနဲ့ ကာယကံရှင်တွေလက်ထဲကို ငွေတွေပြန်ရောက်မရောက်တော့ မသိရသေးပါဘူး။  ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024