အီတလီတွင် မြန်နှုန်းမြင့် ရထားတစီး လမ်းချော်၊ ၂ ဦးသေဆုံး ၂၇ ဦး ဒဏ်ရာရ

1.3K
အီတလီနိုင်ငံမြောက်ပိုင်း လိုဒီခရိုင်အတွင်း ဖေဖော်ဝါရီ ၆ ရက် အစောပိုင်းမှာ မြန်နှုန်းမြင့် ရထားတစီး လမ်းချော်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မီလန်မြို့နဲ့ ဘိုလော့နာ မြို့ကြား ယာဉ်ကြော အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ မီးရထားအရာရှိတွေက ပြောပါတယ်။
အရေးပေါ်ဝန်ထမ်းတွေ အခင်းဖြစ်ရာကို ရောက်ရှိခဲ့ကြကာ ရထားဝန်ထမ်း ၂ ဦး သေဆုံးပြီး လူ ၂၇ ယောက် ဒဏ်ရာရတယ်လို့ စကိုင်းအီတာလျံ ရုပ်သံက ပြောပါတယ်။
ရထားဟာ အီတလီနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မီလန်နဲ့ ၂၅ မိုင်အကွာ မနက် ငါးနာရီခွဲလောက်မှာ လမ်းချော်ခဲ့တာလို့ အစိုးရ ရထားလုပ်ငန်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
လမ်းချော်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ကြေညာချက်က ဆိုပါတယ်။