Home
သတင်းဓာတ်ပုံ
မွန်အမျိုးသားနေ့ကို မွန်လူငယ်များ ချီတက်ကြိုဆို
DVB
·
February 6, 2020
85172390_289346625359678_2018875331972169728_n
84728559_289346472026360_2000477199609626624_n
84696302_289346518693022_8098704287409897472_n
83673514_289346415359699_994733375149309952_n
83102831_289346558693018_522825033207250944_n
မွန်ပြည်နယ် ရေးမြို့နယ်မှာ ဒေသခံမွန်လူငယ်တွေဟာ ဖေဖော်ဝါရီ ၉ ရက်မှာကျ ရောက်မယ့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ မနက်က ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။ မွန်အမျိုးသားနေ့ ရေးမြို့နယ်လုံးဆိုင်ရာဗဟိုကျင်းပရေးကော်မတီက ဦးဆောင်ပြီး ထောင်နဲ့ ချီတဲ့ မွန်လူငယ်တွေက မွန်အမျိုးသားအလံတော်ကို ကိုင်ဆောင်ပြီး မွန်ဘင်ခရာ စစ်ကြောင်း တပ်ဖွဲ့ဝင်တွေနဲ့အတူ မွန်ဓမ္မာရုံကနေ စတင်ချီတက်လမ်းလျှောက်ကြတာပါ။ ဗိုလ်ချုပ်လမ်းမကြီးနဲ့ဘုရင့်နောင်လမ်းမကြီးအတိုင်း ချီတက်ရာ ထန်းခြောက်ပင် ဘုန်းတော်ကြီးကျောင်းအထိ ချီတက်သွားခဲ့ရာမှာ ဒေသခံတွေက လမ်းတလျှောက်မှာ အားပေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၉ ရက်မှာကျရောက်မယ့် ရေးမြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားကို ကျောင်းရွာကျေးရွာမှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတော်အစိုးအရနဲ့ မွန်ပြည်သစ်ပါတီ တို့က ပေးပို့လာတဲ့သဝဏ်လွှာကို ဖတ်ကြားပေးသွားမယ်လို့ ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024