Home
မြန်မာသတင်း
ဇလုံတောင် ဘုရားဖူးယာဉ်တိမ်းမှောက်၊ လူ ၇ ဦးသေ ၁၂ ဦးဒဏ်ရာရ
DVB
·
February 6, 2020
84711162_10221016837880981_7666347938519449600_o
84571991_10221016836880956_6195803075408560128_n
84001763_10221016837000959_9146393801865035776_n
83833301_10221016837760978_1095295524669489152_o
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် ဇလုံတောင်ဘုရားဖူး ပြန်လာတဲ့ယာဉ် တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပင်လည်ဘူးမြို့မရဲစခန်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ညနေ ၅ နာရီလောက်က ပင်လည်ဘူးမြို့နယ် မိုင်းတုံးတားကြီးကျေးရွာ နဲ့ မိုင်းတုံးတားလေးကျေးရွာအကြားမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ယာဉ်မောင်း ဦးမောင်ဌေး မောင်းနှင်ပြီး ခရီးသည် ၂၁ ဦး လိုက်ပါလာတဲ့ယာဉ်ဟာ ဘရိတ်ပေါက်ကာ လမ်းဘေးချောက်ထဲ ပြုတ်ကျခဲ့တာဖြစ်ပြီး လူ ၇ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရပြီး  ၂ ဦးကတော့ ဘာမှမဖြစ်ခဲ့ဘူးလို့ ပင်လည်ဘူးမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ယာဉ်မှောက်မှုနဲ့ ပတ်သက်ပြီး ပင်လည်ဘူးမြို့မရဲစခန်းမှာ ယာဉ်မောင်းကို ယာဉ်(ပ)၅/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့နဲ့ အမှုဖွင့်အရေယူးထားတယ်လို့ သိရပါတယ်။ ငြိမ်းသူမင်း(ကလေးမြို့)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024