DVB Logo
Home
မြန်မာသတင်း
စိုင်းနော်ခမ်းကို ကွပ်မျက်
DVB
·
March 1, 2013
စိုင်းနော်ခမ်းကို ကွပ်မျက်
Donate to DVB

တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆေးထိုးကွပ်မျက်လိုက်ပြီလို့ တရုတ်နိုင်ငံ သတင်းတွေက ရေးပါတယ်။

မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန်ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ ဒီနေ့ ဆေးထိုး ကွပ်မျက်ဖို့ ကူမင်းလူထုတရားရုံးက ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချမှတ်ခဲ့တာပါ။

သူတို့ ၄ ဦးအပေါ် ကွပ်မျက်မှုကို ကူမင်းပြည်သူ့ အစိုးရရှေ့နေတွေက ကြီးကြပ်လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

[caption id="attachment_37028" align="alignright" width="300" caption="နော်ခမ်းအား ဆေးထိုးကွပ်မျက်ရန် ခေါ်ဆောင်လာစဉ် (Photo_ Chinadaily)"][/caption]

တရုတ်နိုင်ငံအနေနဲ့ မှုယစ်ဆေးအမှုနဲ့ နိုင်ငံခြားသားတွေကို ဆေးထိုး ကွပ်မျက်တာဟာ ပထမဆုံးအတွေ့အကြုံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဒီစီရင်ချက်ဟာ နယ်စပ် ဖြတ်ကျော်ရာဇ၀တ်မှုတွေကို သတိပေးလိုက်တာလို့ ပြောပါတယ်။

“ဒီဖြစ်ရပ်ဟာ တရုတ်အစိုးရနဲ့ နယ်စပ်ချင်း ဆက်စပ်နေတဲ့ အစိုးရတွေအပါအဝင် နယ်စပ်ဖြတ်ကျော်တဲ့ မူးယစ်ရာဇဝတ်မှုတွေကို အတူတကွ နှိမ်နင်းနိုင်ဖို့ အချက်ပြလိုက်တာဖြစ်ပါတယ်။”

၁၉၆၉ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ဖွားမြင်တဲ့ စိုင်းနော်ခမ်း အသက် (၄၄) နှစ်ဟာ ရှမ်း၊ မြန်မာ၊ ထိုင်းစကားတွေ ပြောတတ်ပြီး ထိုင်း-မြန်မာ-တရုတ်နိုင်ငံတွေအနီး မဲခေါင်မြစ်ပေါ်မှာ လက်နက်ကိုင်အဖွဲ့ငယ်နဲ့ မူးယစ်ဆေးဝါးလုပ်ကိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ စိုင်းနော်ခမ်း ကွယ်လွန်ချိန်မှာ ဇနီးသည် ၂ ဦးနဲ့ သားသမီး ၉ ဦး ကျန်ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က အင်တာဗျူးတခုမှာ စိုင်းနော်ခမ်းက “သူအိပ်မပျော်တာ ၂ ရက်ရှိပြီဖြစ်ကြောင်း၊ အများကြီး စဉ်းစားမိကြောင်းနဲ့ အမေ့ကို သတိရတယ်။ ကျနော့် ကလေးတွေကို ကျနော်လို မဖြစ်စေချင်ပါဘူး။ သူတို့ကို စာသင်စေချင်တယ်၊ အလုပ်ကောင်းကောင်းလုပ်စေချင်တယ်။ ကျနော်မသေချင်သေးဘူး။ အသက်ရှင်ချင်သေးတယ်။ ကျနော့်မှာ ကလေးတွေရှိတယ်။ ကျနော်သေရမှာ ကြောက်တယ်” လို့ ပြောဆိုချက်ကို တရုတ်နိုင်ငံပိုင် တီဗွီက ပြသပါတယ်။

စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးဖြစ်တဲ့ ထိုင်းနိုင်ငံက စိုင်းဆန်ခမ်း၊ နိုင်ငံမဲ့ ယီလိုင်းနဲ့ လာအိုနိုင်ငံသား  ဂျဆီးကား တို့ဟာ အယူခံဝင်ကြပေမယ့် ငြင်းပယ်ခံရတာကြောင့် သတ်မိန့်ကို ပြန်လည်သုံးသပ်ဖို့ လူထုတရား တရားရုံးချုပ်ကို ပေးပို့ခဲ့ရာမှာ တရားရုံးချုပ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ပြီး ဆေးထိုးသတ်ဖို့ ဒီအမိန့်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မကွပ်မျက်ခင် သူတို့ ၃ ဦးကို မိသားစုတွေ၊ ကူမင်းက ထိုင်း၊ မြန်မာ ကောင်စစ်ဝန်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ စီစဉ်ပေးခဲ့သလို သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ပစ္စည်းတွေနဲ့ ရုပ်အလောင်းတွေကို ဆွေမျိုးတွေနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေကို ပေးပို့သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်ထဲက တရုတ်သင်္ဘော ၂ စင်းက သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်ရာမှာ နောက်ကွယ်ကနေ ကြိုးကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံက ရှာဖွေခဲ့ပါတယ်။ လာအိုနိုင်ငံမှာ ၂၀၁၂ အစောပိုင်းက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ကို ရုံးတင်စစ်ဆေးရာမှာ ဖြောင့်ချက်ပေးခဲ့တဲ့အတွက်  ၂၀၁၂ နိုဝင်ဘာလဆန်းက သေဒဏ်စီရင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကနဦးပိုင်း ရဲ စုံစမ်းဖော်ထုတ်ရေးတွေ့ရှိချက်တွေမှာ စိုင်းနော်ခမ်းဟာ ဂိုဏ်းခေါင်းဆောင်တွေနဲ့အတူ ထိုင်းစစ်သား အနည်းငယ်လည်း ပါဝင်တဲ့အဖွဲ့က မဲခေါင်မြစ်ပေါ်မှာ ဟွာပင်းနဲ့ ယုဇင်း ၈ ကုန်သင်္ဘော ၂ စင်းကို တိုက်ခိုက်ပြန်ပေးဆွဲခဲ့တယ်လို့ သတင်းတွေမှာ ရေးခဲ့ပါတယ်။

ဒီနောက် တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ပူးတွဲကြိုးပမ်းချက်နဲ့ လာအိုနိုင်ငံမှာ ၂၀၁၂ ခုနှစ် ဧပြီမှာ ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။ စိုင်းနော်ခမ်းဟာ ဖမ်းဆီးမခံရခင်မှာ ထိုင်းနိုင်ငံအစိုးရက ၀ရမ်းထုတ်ပြန်တဲ့ မူးယစ်ရာဇာစာရင်းမှာ ပါရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013