DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း အစီရင်ခံစာ မထွက်နိုင်သေး
DVB
·
March 1, 2013
လက်ပန်းတောင်း အစီရင်ခံစာ မထွက်နိုင်သေး
Donate to DVB

ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထွက်မယ်လို့ သိထားရတဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ ဒီနေ့ မတ် ၁ ရက်နေ့မှာ ထွက်ပေါ်လာနိုင်ခြင်း မရှိသေးဘူလို့ သိရပါတယ်။

လက်ပန်းတောင်းကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က ဒီနေ့ အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်ထားပေမယ့် မကျင်းပဖြစ်ဘူးလို့ ကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

[caption id="attachment_37023" align="alignright" width="274" caption="(ဓာတ်ပုံ- ကိုသောင်းပုလဲမြေ)"][/caption]

“ကျမတို့ ဖေဖော်ဝါရီလကုန်လောက်မှာ အစီရင်ခံစာတင်နိုင်အောင်လုပ်မယ်လို့ ပြောပြီး ကျမတို့ ကြိုးစားလုပ်နေတယ်။ ကျမတို့ဆိုင်ရာ အပိုင်းတွေ အားလုံးပြီးသွားပြီ။ ကျမတို့ တင်ပြီးပြီ ဒါတွေအားလုံးဟာ ဥက္ကဋ္ဌကြီးလက်ထဲရောက်နေပြီ။ ကြေညာချက်ကို သတင်းထုတ်ပြန်ဖို့ရာပဲ ကျန်တော့တာဆိုတော့ အခု ဘာကြောင့်. တခုခုတော့ အကြောင်းရှိနေတဲ့အတွက် ဥက္ကဋ္ဌက ဒါကို ဆိုင်းငံ့ထားတယ်လို့. ကျမထင်မြင်ချက်ပေါ့နော် ဒီလိုပဲနားလည်ထားတယ်၊ ဒါမှန်ချင်လည်း မှန်မယ်၊ မမှန်ချင်လည်း မမှန်ဘူး။ ကျမတို့ စောင့်နေရတဲ့အတွက် ဒီအပေါ် အကျိုးအမြတ်ရှိမယ်လို့တော့ မျှော်လင့်တယ်လေ။”

ဒီဗွီဘီက ဒီသတင်းနဲ့ ပတ်သက်လို့ ကော်မရှင်အတွင်းရေးမှူး ဦးကျော်တင့်ဆွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ အင်တာဗျူးမပေးပါဘူးလို့ ပြောပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိရာ မုံရွာမြို့က တုံရွာသပိတ်စခန်းမှာတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေ အကြမ်းဖက်ခံရတာ ၃ လပြည့် အထိမ်းအမှတ် သရုပ်ပြ တင်ဆက်မှုကို လူရာပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာ လက်ပန်းတောင်း ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးနဲ့ သပိတ်စခန်းဖြိုခွင်းခဲ့သူတွေကို အရေးယူပေးဖို့ အစာငတ်ခံဆန္ဒပြပွဲတွေပါ ပေါင်းစပ်လုပ်ကိုင်ခဲ့တယ်လို့ ဦးစီးဆောင်ရွက်သူ တဦးက ပြောပါတယ်။

“စီမံကိန်း လုံးဝဖျက်သိမ်းပေးရေးနဲ့ မီးလောင်ဗုံး အကြမ်းဖက်တရားခံတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါ။ နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရအာဏာပိုင် အဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။”

တုံရွာသပိတ်စခန်းဟာ ၃ လခန့် ကြာမြင့်ပြီဖြစ်ပြီး အဲဒီအရပ်ဘက်ကို ရဲနဲ့ တပ်ဘက်က သွားရောက် အင်အားဖြည့်တင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ကြားသိပြီး မုံရွာခရိုင်ရဲမှူးကြီးကို သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

“မနက်ကပဲ မုံရွာခရိုင်ရဲမှူးနဲ့ ကျမ စကားပြောတော့ သူတို့ မနေ့ကတော့ အဲဒီဘက်ကို ရဲတွေလည်းသွားတယ်၊ စစ်သားတွေလည်း သွားတယ်လို့ပြောတယ်။ ရှင်တို့ဘက်ကဘာလုပ်နေလဲဆိုတော့ သူတို့ဘက်က ၀န်ကြီး ၁ ယောက်သွားလို့ အားလုံး လုံခြုံရေးလိုက်တာပါတဲ့။ ကျမကတော့ ပြောထားတယ်၊ တကယ်လို့ တခုခုလုပ်မယ်၊ အကြောင်းရှိတယ်ဆိုရင် ကျမတို့ကိုအကြောင်းကြားပါ။ တတ်နိုင်သလောက် ကူညီပါရစေ။ ဘာလို့လဲဆိုတော့ ရှေ့မှာလည်း ဒီဇာတ်လမ်းကမပြီးသေးဘူး။ ဒီမီးကမငြိမ်းသေးဘူး။ ကျမတို့လုပ်နေရတုန်းရှိသေးတယ်။ တကယ်လို့ တခုခု အစီအစဉ်ရှိရင် ပြောပါ ကျမတို့ ထိန်းနိုင်သလောက် ထိန်းပါမယ်၊ ပြောပါမယ်။ ကျမလည်း ကြားဝင်ပါရစေ။ အကူအညီပေးပါရစေလို့တော့ ပြောထားပါတယ်။”

မုံရွာမြို့အခြေစိုက် လက်ပန်းတောင်းတောင် ကယ်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချစ်ခင်ကတော့ မုံရွာသားတွေက လက်ပန်းတောင်းတောင် မပျောက်မပျက် တည်မြဲရေးကိုသာ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

“မြို့သူမြို့သားအားလုံးက လက်ပန်းတောင်းတောင်ကြီး မပျောက်ရေးပဲ အဓိကထားကြတာ။ အဲတော့ ဒီစီမံကိန်းကြီး ဖျက်သိမ်းမှပဲ တောင်ကြီး မပျောက်မှာကို။ လုံးဝ ဖျက်သိမ်းရေးမဟုတ်ဘူးဆိုရင်တော့ ဒေသခံပြည်သူတွေက အေးဆေးမှာ မဟုတ်ဘူး၊ တည်ငြိမ်မှုရှိမှာ မဟုတ်ဘူး။”

သပိတ်စခန်းဖြိုခွင်းစဉ်က ဒဏ်ရာပြင်းလို့ ထိုင်းမှာ ဆေးကုသွားတဲ့ ကိုရင်လေးသဇ္ဇနကတော့ လွန်ခဲ့တဲ့ ၂၅ ရက်နေ့တုန်းက ဘန်ကောက်ဆေးရုံကနေ မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့ပြီး အခုခါ စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံမှာ ကုသနေပါတယ်။ ကိုရင်လေးအတွက် ထိုင်းဆေးရုံရဲ့ ဆေးစာမှာ ဖော့စ်ဖရက်မီးလောင်ဒဏ်ရာလို့ ရေးသားထားပါတယ်။

ကိုရင်လေးသဇ္ဇနက “ဆေးဘောင်းဘီ ချုပ်ပေးလိုက်တယ်။ တနှစ်ပြည့်ရင် ပြန်လာရမယ်လို့ ပြောတယ်။ ဘောင်းဘီဝတ်ဖို့ နာရီဝက်လောက်ကြာမယ်။ ဆေးဘောင်းဘီဆိုတာက အသားပိုတွေ၊ အနာတွေမထအောင် ၀တ်ရမှာ။ မညီမှာစိုးလို့ သူတို့ပဲ ၀ယ်ပေးလိုက်သေးတယ်။”

ဦးဇင်း ဦးတိက္ခဥာဏကတော့ နောက်ထပ် ၂ လလောက်မှ ဆင်းဖြစ်မယ်လို့ ဆိုပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြတဲ့နေရာကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် တွေ့ဆုံမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ အရုဏ်မတက်ခင် မနက် ၃ နာရီမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့လို့ သံဃာအပါး ၁၀၀ ခန့်နဲ့ လူတချို့ မီးလောင်ဒဏ်ရာရခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013