Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း နိုင်ငံပိုင် ရေနံမြေ ၇ ခုက ရေနံစည်ပေါင်း ၂ သန်းကျော်ထွက်ရှိ
DVB
·
February 5, 2020
မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရေနံမြေ ၇ ခုမှ  ၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရေနံစိမ်းစည် ၂ သန်းကျော်ထွက်ရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြောပါတယ်။ မကွေးတိုင်းအတွင်း မန်း ရေနံမြေ၊ ထောက်ရှာပင်/ကမ်းနီရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ချောက်/လမ်းရွာ ရေနံမြေ၊ ကျောက်ခွက်/လက်ပံတို/အရာတော်ရေနံမြေ၊ စပယ်/သာကြီးတောင် ရေနံမြေ၊ ထန်းကိုင်း/ပြရည် ရေနံမြေတို့မှ ၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရေနံစိမ်းစည်ပေါင်း  ၂,၁၀၆,၂၈၆ စည် ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရေနံစိမ်းထုတ်လုပ်မှုကို ပြည်ထောင်စုအစိုးရက ချုပ်ကိုင်​ဆောင်ရွက်တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ ရေနံမြေ ၁၂ ခုမှ တရက်ကို ရေနံစိမ်း စည်ပေါင်း  ၆၅၀ဝ ကျော် ထုတ်လုပ်နေပြီး အခု နောက်ပိုင်း ရေနံမြေ ၁၂ ခုမှ တရက်ကို ရေနံစိမ်းစည် ၁၀ဝဝဝ အထိ တိုးမြှင့် ထုတ်လုပ်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။ ၂၀၁၇–၂၀၁၈ ဘဏ္ဍာနှစ်ကတော့ မကွေးတိုင်းအတွင်း ရေနံမြေ ၇ ခုကနေ ရေနံစိမ်းစည် ပေါင်း ၂၁၄၅၆၁၅ စည်ထွက်ရှိခဲ့ပြီး ရေနံစိမ်းအများဆုံးထွက်ရှိမှုအဖြစ် မန်းရေနံမြေကနေက ၂၀၁၉ ခုနှစ် ခြောက်လအတွင်း ၂၁၃၄၅၆ စည်ထွက်ရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024