Home
မြန်မာသတင်း
ကင်းလှည့်စစ်ဆေးပြန်လာသည့် အင်းစိန်ခရိုင်ဒုရဲမှူး ယာဉ်တိုက်မိပြီး သေဆုံး
DVB
·
February 5, 2020
84164121_1011297069270002_4596300775558217728_n
84809464_1011297242603318_5050219801599803392_n
84265124_1011297152603327_6511997519768059904_n
84075414_1011297189269990_6172385191428882432_n
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အင်ကုန်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမှာ ဖေဖော်ဝါရီ ၅ ရက် မနက် ၁ နာရီကျော်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး  လှည့်ကင်းစစ်ဆေးပြန်လာတဲ့ အင်းစိန်ခရိုင်ရုံး ဒုရဲမှူးတဦး အခင်းဖြစ်နေရာမှာ သေဆုံးသွား ပါတယ်။ အင်းစိန်ခရိုင်ဒုရဲမှူးစိုးလှိုင်ဟာ တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်းမှ လှည့်ကင်းအဖွဲ့ကို စစ်ဆေးပြီးကားနဲ့အပြန် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၅၇ အရောက်မှာ တဘက်ယာဉ်ကြောက မောင်းနှင်လာတဲ့ ၁၂ ဘီးတွဲကားနဲ့ လမ်းအလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ အဆိုပါ ယာဉ်တိုက်မှုမှာ ဒုရဲမှူးစိုးလှိုင်ရဲ့ နား/နှာခေါင်းသွေးထွက်ဒဏ်ရာ၊ နဖူးဖုယောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်မောင်း တင်မျိုးအောင်ကတော့ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်နာကျင်ဒဏ်ရာ၊ ဝဲပေါင်နာကျင်ဒဏ်ရာ တွေရရှိခဲ့တဲ့အတွက် တိုက်ကြီးဆေးရုံမှာ အတွင်းလူနာ(မစိုးရိမ်ရ)အနေနဲ့ ပိုဆောင်ထားတယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး တိုက်ကြီးမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လမ်းလယ်ခေါင်မှာ တိုက်မိတဲ့အတွက် တွဲကားယာဉ်မောင်း ဇင်မင်းထက်နဲ့ အငှားယာဉ်မောင်း တင်မျိုးအောင်တို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က ၃၃၇/၂၇၈ တို့နဲ့ အမှုဖွင့် ထားပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024