Home
မြန်မာသတင်း
လပွတ္တာတွင် ကျေးရွာချင်းဆက်တံတား မီးလောင်ပြီး ဒေသခံပြည်သူများ အခက်တွေ့
DVB
·
February 4, 2020
84309385_777052612779084_2982749182416125952_o
83969720_777052569445755_5282818711906942976_o
83895849_777052772779068_8613911921239785472_o
83678986_777052686112410_3140690209520222208_o
83570255_777052646112414_6759910621300391936_o
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ ဘုန်းကြီးကုန်းကျေးရွာအုပ်စု၊ ချောင်းတာရှည်ကျေးရွာ မှာ ဖေဖော်ဝါရီ ၃ ရက်က ပေ ၄၀၀ ခန့်အရှည်ရှိ တံတားမီးလောင်ခဲ့တာကြောင့် သွားလာရေး အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးစလောင်ချိန်နေ့လည်ပိုင်း ၁၂ နာရီလောက်ကဖြစ်ပြီး ကုန်းလမ်းမပေါက်တဲ့နေရာဖြစ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေ အလွယ်တကူသွားလာလို့မရဖြစ်ခဲ့တယ်လို့ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနက  တပ်ကြပ် ဦးစိုးသီဟက ပြောပါတယ်။ "မီးကနေ့လယ်ပိုင်းလောင်တာ၊ သူက မြို့နယ်ထဲက အစွန်ဆုံးကနေရာ၊ ကုန်းလမ်း မပေါက်ဘူး။ မော်ကျွန်းဘက်က စခန်းနဲ့ပိုနီးတယ်၊ အဲ့ဘက်က တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်ဆီက တပ်ဖွဲ့ဝင်တွေ ခွဲပြီးလွှတ်တာပေါ့။ ညနေပိုင်းတော့ မီးငြိမ်းသွားပါတယ်။ တံတားကတော့ သံဘောင်တွေပဲ ကျန်ခဲ့တယ်။ ထိခိုက်အန္ကရာယ်ရတာမျိုးတော့ မရှိပါဘူး” ကျေးရွာချင်းဆက်တံတားဟာ နေ့လယ် ၁၂ နာရီအချိန်က စတင်မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၅ နာရီအချိန်မှာ မီးထိန်းနိုင်ခဲ့ကာ ၆ နာရီမှာ မီးငြိမ်းသွားပြီး  ပေ ၂၀၀ နီးပါးမီးလောင်ခဲ့တာပါ။ ဘုန်းကြီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုအောင်မင်းနိုင်က "တံတားက ဟိုးအရင်က လမ်းဖောက်မယ်ဆိုပြီးဆက်သွယ်ဖို့ ဆောက်ထားတာ၊ ခုတော့ လမ်းလည်းဆက်မဖောက်ဖြစ်တော့ တံတားကိုလည်းအပြီးဆက်မလုပ်ဖြစ်ဘူး။ တံတားအောက်ခြေတန်းကလည်း ဆွေးနေပြီး၊ တောင်ယာလုပ်တဲ့သူတွေ များသောအားဖြင့် တံတားပေါ်က ဖြတ်သန်းသွားလာတာလုပ်ပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ တံတားပေါ်က လူတဦးတယောက် ဖြတ်သန်းသွားလာချိန်မှာ ဆေးလိပ်မီးကျတာကြောင့် မီးလောင်ကျွမ်းမှုဖြစ်နိုင်သလို တံတားအနီးရှိ ခြုံနွယ်တွေကို မီးရှို့ရာက လေတိုက်လို့ တံတား ပေါ်ကို မီးပွားစကျပြီး မီးလောင်တာလည်း ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက သုံးသပ် ပြောပါတယ်။ မီးလောင်ခဲ့တဲ့ တံတားမှာ မော်ကျွန်း၊ ပြင်စလူ၊ ကွင်းပေါက်စတဲ့ မြို့နယ်နဲ့ ကျေးရွာတွေ ကိုဆက်သွယ်နိုင်ဖို့အတွက် ၂၀၀၈ ခုနှစ်ကတည်ဆောက်ခဲ့တဲ့တံတားဖြစ်ပြီး လမ်းဖောက်လုပ်မယ့် အစီအစဉ်မှာ ချောင်းကူးတံတားအဖြစ် ဆောက်လုပ်ခဲ့ပေမယ့်လည်း လမ်းကိုတော့ ဆက်လက်ဖောက်လုပ်ခဲ့တာ မရှိပါဘူး။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024