Home
ရုပ်သံ
မြင့်မြတ်ကို YBS ယာဉ်မောင်းအဖြစ်ရှုစားရမည့် ‘ပလေယာ’ရုပ်ရှင်(နမူနာ)
DVB
·
February 4, 2020
84262027_192487245476990_9018307023715958784_o
       မြန်မာ အချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ပလေယာ ရုပ်ရှင်ကို လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        ဒီကားကိုတော့ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး သက်ဦးမောင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        အချစ်ဟာသရုပ်ရှင်ကားတကား အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ ပလေယာဆိုတဲ့အတိုင်း ဘယ်လိုအလွဲအချော်တွေ၊ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား မြင့်မြတ်ကို YBS ယာဉ်မောင်းတယောက်အနေနဲ့ ထူးထူးခြားခြား ရှုစားကြရမှာ ဖြစ်ပြီး သူနဲ့အတူ တခြား သရုပ်ဆောင်တွေအနေနဲ့ ထွန်းထွန်း၊ စိုးမြတ်သူဇာ၊ အိချောပို၊  ဟာသသရုပ်ဆောင် ခင် လှိုင်၊ ဂျိုကာတို့နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါ တယ်။        ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024