A d v e r t i s e m e n t With Us

လားဟူ အမျိုးသားညီလာခံ ကျင်းပမည်

လားဟူတိုင်းရင်းသားတွေ နေထိုင်ရာဒေသက အခြေခံပညာ မူလတန်းကျောင်းတွေမှာ လားဟူ တိုင်းရင်းသား ဘာသာစကားနဲ့ စာပေသင်ကြားရေးဆိုင်ရာ ကိစ္စအပါအ၀င် နိုင်ငံရေးနဲ့ လူမှုရေး ကိစ္စတွေ ဆွေးနွေးမယ့် ညီလာခံကြီးတခု လာမယ့် ဧပြီလမှာ ကျင်းပမယ်လို့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးကျဟားရှဲက ဒီဗွီဘီကို ပြောပါတယ်။ လားဟူတိုင်းရင်းသားတွေမှာ လားဟူအ၀ါနဲ့ လားဟူ အနက်ဆိုတဲ့ အဓိက မျိုးနွယ်စု ၂ စုရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အများဆုံးနေထိုင်ကြပါတယ်။ ရန်ကုန်မှာ ကျင်းပမယ့် ဒီညီလာခံဟာ မြန်မာပြည်တ၀ှမ်း ပျံ့နှံ့နေထိုင်နေတဲ့ လားဟူ တိုင်းရင်းသားအားလုံးရဲ့ ပထမဦးဆုံး စုံညီ ညီလာခံဖြစ်ကြောင်းလည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up