အီရန် ထိန်းသိမ်းထားသည့် သုတေသပညာရှင် ၂ ဦး ပြန်လွှတ်ပေးရန် ပြင်သစ် တိုက်တွန်း

587
အီရန်နိုင်ငံထဲမှာ ထိန်းသိမ်းထားတဲ့ သုတေသနပညာရှင် ၂ ယောက်ကို လွှတ်ပေးဖို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်းရေဗလွေဒရီအွန်က ဖေဖော်ဝါရီ ၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ရိုလန်မာရှယ်နဲ့ ဖာရီဘာအဒဲလိကာတို့ကို နိုင်ငံဘေးကင်းရေးနဲ့ပတ်သက်တဲ့ အားထုတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲပြီး အီရန်နိုင်ငံထဲမှာ ထောင်ချထားတာပါ။
“ထောင်သွင်း အကျဉ်းချမှုဟာ သည်းမခံနိုင်စရာလို့ ကျနော်တို့ ယူဆတယ်၊ အီရန်သမ္မတ ဟတ်ဆန်ရောင်ဟာနီ အပါအဝင် အမြင့်ဆုံးအာဏာပိုင်တွေဆီကို ဒီအတိုင်းပြောထားပြီးပြီ”လို့ လွေဒရီအွန်က ဆက်ပြောပါတယ်။
ထောင်ချခံရတဲ့ သုတေသနပညာရှင် ၂ ယောက်ဟာ ကောင်းမွန်စွာ ဆက်ဆံမခံရဘူးလို့ ဝန်ကြီးက အဖမ်းခံရတဲ့ အခြေအနေကို ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
မာရှယ်နဲ့ အဒဲလိကာတို့ အဖမ်းခံထားရတာ ၇ လ ကြာပြီဖြစ်ပြီး အဒဲလိကာကတော့ ဖမ်းဆီးထားတာကို ဆန့်ကျင်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။