Homeမြန်မာသတင်း
ရောဂါကာကွယ်ရေးလမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ပါက ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်စရာမလို
ရောဂါကာကွယ်ရေးလမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ပါက ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်စရာမလို
DVB
·
February 3, 2020
ကူးစက်မှု မြန်ဆန်ကာ သေဆုံးသူတိုးလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပါက စိုးရိမ်ကြောက်ရွံ့ဖို့ မလိုဘူးလို့ ကျန်မာရေးဆိုင်ရာပညာပေးဟောပြောပွဲက သိရတယ်။
ဝူဟန် အဆုတ်ရောင်ရောဂါအကြောင်း ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာ ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း Mask တွေကို တပ်ဆင်တဲ့အခါ ပြောင်းပြန်တပ်ဆင်တာမျိုးမဟုတ်ဘဲ နည်းစနစ် မှန်ကန်စွာ တပ်ဆင်ဖို့ကိုလည်း အသိပေး လမ်းညွှန်ထားပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်တနိုင်ငံလုံးမှာ ဝူဟန် အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၄ ယောက်ရှိတယ်လို့ ဒုတိယညွှန်ကြားရေးမှူး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန(ကူးစက်)ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အဲဒီသံသယလူနာတွေကတော့ ဝေဘာဂီဆေးရုံမှာ နှစ်ယောက်၊ ကျိုင်းတုံပြည်သူ့ဆေးရုံမှာ အသက် ၁ နှစ် ၂ လအရွယ် ကလေးငယ်တယောက် ၊ရခိုင်ပြည်နယ် မင်းပြားဆေးရုံမှာ တယောက်တို့ ဖြစ်ပြီး သူတို့ရဲ့ နှာခေါင်းတို့ဖတ် နမူနာယူပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
ဝူဟန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲမှာတော့ သဘာပတိအဖြစ် ဒေါက်တာခင်ပြုံးကြည်က ဦးဆောင်ခဲ့ပြီး ပါမောက္ခ ဒေါက်တာခေမာမြ၊ ပါမောက္ခ ဒေါ်စံပယ်ဖြူ ဒေါက်တဉာဏ်ထက်မြင့်နဲ့ ဒေါ်တာသက်စုမွန်တို့ ဆွေးနွေးဟောပြောခဲ့ပါတယ်။
သူဇာလင်း