A d v e r t i s e m e n t With Us

စိတ်ကျန်းမာရေးရောဂါ ခံစားနေရသူများကို ခွဲခြားဆက်ဆံမှုနှင့် ကြောက်ရွံ့မှု ၈၀ ရာခိုင်နှုန်းရှိ

စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ စစ်တမ်းကောက်တဲ့အခါ ခွဲခြားဆက်ဆံခံရမှုနဲ့ လူတွေရဲ့ ကြောက်ရွံ့မှုက ၈၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်နေတယ်လို့ Counselling Corner တည်ထောင်သူ ဦးအောင်မင်းသိန်းက ပြောပါတယ်။  စိတ်ကျန်းမာရေး ဗဟုသုတနဲ့ ပတ်သက်လို့ Yangon Pride ပွဲမှာ လူအယောက် ၂၂၃ ဦးကို စစ်တမ်းပြုလုပ်ထားပြီး တွေ့ရှိချက်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းမှာရှိတဲ့ The Able Myanmar စားသောက်ဆိုင်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဒီစစ်တမ်းမှာ ကမ္ဘာမှာဖြစ်နေတဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမှား ၁၀ ခုနဲ့ အမှန် ၄ ခုကို ရွေးချယ်ပြီး ရန်ကုန်တိုင်းအတွင်းက ပြည်သူ ၂၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။  စစ်တမ်းလုပ်တဲ့အခါ မှန်တဲ့ပုံးကို လူ ၁၃၀ ထည့်သွားသလို မှားတဲ့ပုံးမှာ ၉၃ ဦး ထည့်သွားပြီး ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ အဖြေမှာ ၈၀ ရာခိုင်နှုန်း ရှိသလို စိတ်ကျန်းမာရေးရောဂါ ခံစားနေရသူတွေအပေါ် ကြောက်ရတယ်ဆိုတဲ့ စစ်တမ်းမှာ ကြောက်ရွံ့တယ်ဆိုတဲ့ အဖြေဟာ ၈၅ ဒသမ ၇ ဖြစ်နေတယ်လို့ ဦးအောင်မင်းသိန်းက ဆိုပါတယ်။  နိုင်ငံတကာရဲ့ စစ်တမ်းတွေအရ လူ ၄ ယောက်မှာ ၁ ယောက်က စိတ်ကျန်းမာရေး ဖြစ်နေတယ်ဆိုတဲ့ အဖြေတွေကတော့ မှန်နေတာကြောင့် စိတ်ကျန်းမာရေးအသိ ရှိနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။  လက်ရှိစစ်တမ်းကို ရန်ကုန်တိုင်း သန်လျင်၊ တိုက်ကြီး၊ မှော်ဘီစတဲ့ မြို့နယ်တွေအပြင် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေကို ကောက်ယူခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up