ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် စင်ကာပူအစိုးရ နှာခေါင်းစည်းများ ဖြန့်ဝေ

851
နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန် ဖေဖော်ဝါရီ ၁ ရက်က စင်ကာပူနိုင်ငံမှာ နှာခေါင်းစည်း ၅ ဒသမ ၂ သန်းကို စတင်ဖြန့်ဝေပေးနေပါတယ်။
စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈ ယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။
ဒါကြောင့် အိမ်ထောင်စုတခုကို နှာခေါင်းစည်း ၄ ခုနှုန်းနဲ့ အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၇ သန်းကို ကျန်းမာရေးတာဝန်ရှိသူတွေက ဖြန့်ဝေထားပါတယ်။
နှာခေါင်းစည်း ပြတ်လပ်မှု စိုးရိမ်စိတ်တွေကို ဖြေဖျောက်တဲ့အနေနဲ့ အဲဒီအိမ်ထောင်စုတွေကို ၉ ရက်တာကာလအတွင်း ဖြန့်ဝေသွားမှာပါ။
ဒါပေမဲ့ နှာခေါင်းစည်းတွေကို နေထိုင်မကောင်း ဖြစ်တဲ့အခါမှသာ တပ်ဆင်သင့်တယ်လို့ တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။
နှာခေါင်းစည်းဖြန့်ဝေရေးကို စင်ကာပူ စစ်မှုထမ်း ၁၅၀၀ ကျော်က တာဝန်ယူ လုပ်ဆောင်နေ ပါတယ်။
၂၀၁၇ ကမ္ဘာ့ဘဏ်ကိန်းဂဏန်းတွေအရ စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ဒသမ ၆ သန်းကျော် ရှိ တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၂၅၉ ဦးနဲ့ ကူးစက်ခံရသူ ၁၂၀၀၀ ကျော် ရှိပြီလို့ သိရပါတယ်။