DVB Logo
Home
သတင်းတို
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မတိုင်ခင် ငွေဆောင် မီးရမည်
DVB
·
February 28, 2013
Donate to DVB

လက်ရှိ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ ပုသိမ်- ငွေဆောင် ၆၆ ကေဗွီ ဓာတ်အားလိုင်းဟာ ဘတ်ဂျက် မလုံလောက်လို့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ပြီးနိုင်ဖွယ် မရှိပေမယ့် ငွေဆောင်မှာ အရှေ့တောင်အာရှ အားကစားပွဲတော် ပြိုင်ပွဲတချို့ ကျင်းပမှာ ရှိတဲ့အတွက် အချိန်မီ ပြီးစီးဖို့လိုကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးလွန်းသီက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ သူက ဒီကိစ္စ ငွေကြေး မလုံလောက်လို့ အစိုးရအဖွဲ့က ငွေကြေးထပ်ပြီး တောင်းခံလာရင်လည်း ခွင့်ပြုပေးဖို့ သူတို့ ကော်မတီက ထောက်ခံတင်ပြမယ်လို့ ပြောပါတယ်။

ငွေဆောင်နဲ့ ချောင်းသာကမ်းခြေ အပန်းဖြေစခန်း၂ ခုဟာ ဖွင့်လှစ်ပြီးတာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် နိုင်ငံပိုင်ဓာတ်အားလိုင်းက လျှပ်စစ်မီး မရတာကြောင့် မီးစက်တွေ အသုံးပြု လည်ပတ်နေရတာ ဖြစ်ပါတယ်။
လက်ရှိ ငွေဆောင်မှာ ဟိုတယ် အလုံး ၂၀၊ ချောင်းသာမှာ ဟိုတယ် ၁၈ လုံးနဲ့ တည်းခိုခန်း ၃၄ ခု ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013