DVB Logo
Home
သတင်းတို
မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကြမ်း ထုတ်ပြန်
DVB
·
February 28, 2013
Donate to DVB

အစိုးရအဖွဲ့က ရေးဆွဲပြီး လွှတ်တော်ကိုတင်ပြမယ့် “မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကြမ်း” ကို အများပြည်သူ လေ့လာနိုင်အောင် ဒီနေ့ ထုတ်ပြန်ပေးလိုက်ပါတယ်။

ဥပဒေကြမ်းထဲမှာ အရေးကြီးတဲ့ မြေအသုံးချမှုနဲ့ ပတ်သက်ပြီး စီးပွားရေးဇုန်က ဖယ်ရှားပေးရမယ့်သူတွေကို လျော်ကြေးပေးဖို့၊ မူလအဆင့်အတန်းထက် နိမ့်ကျမှုမရှိအောင် ဆောင်ရွက်ပေးဖို့ ဖော်ပြထားပါတယ်။

အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံလိုသူဟာ မြေကို အနှစ် ၅၀ လုပ်ကိုင်ခွင့်ရမှာဖြစ်ပြီး သဘောတူညီချက်ရရင် နောက်ထပ် ၂၅ နှစ် လုပ်ကိုင်နိုင်တယ်လို့ ဥပဒေကြမ်းထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိ အစိုးရဟာ သီလ၀ါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013