Home
မြန်မာသတင်း
ထားဝယ်မြို့တွင် အခြေခံပညာစာမေးပွဲကာလနောက်ဆုတ်မှုကို  ကန့်ကွက်ဆန္ဒပြ
DVB
·
January 31, 2020
83694411_2940244952700270_3434877305879527424_n
83445009_2940245096033589_5126567131663564800_n
83426350_2940245616033537_7710939959728799744_n
83268224_2940244876033611_4976459115590057984_n
83111109_2940244729366959_7183599399769997312_n
83024810_2940245226033576_2803788456516386816_n
82973825_2940245292700236_5470673872695066624_n
အခြေခံပညာစာမေးပွဲကာလ နောက်ဆုတ်တာကို အလိုမရှိတဲ့အကြောင်း  ဇန်နဝါရီ ၃၁ ရက်မနက်က ထား၀ယ်မြို့မှာ ဆရာဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ  ဆန္ဒထုတ်ခဲ့ ကြပါတယ်။   ဆန္ဒထုတ်ဖော်သူ ၂၅၀ ဦးကျော်က အခြေခံစာမေးပွဲကာလ နောက်ဆုတ်ခြင်းအား အလိုမရှိ၊ သုတေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ၊ ကျောင်းသားထုအခွင့်အရေးရရှိရေး ဒို့အရေး၊ ဒီမိုကရေစီပညာရေးဝေးပြီလား၊ လုပ်ငန်းခွင်အခြေပြု ပညာရေးမြင့်တင်မှုဖော်ဆောင်ပေး စတာတွေ ကြွေးကြော်ပြီး ထား၀ယ်ပညာရေးကောလိပ်မှ အာဇာနည်လမ်းအတိုင်း ဥတ္တားကြီးလမ်းဆုံအထိ ချီတက်ခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာများသမဂ္ဂ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ၀င် (မူလတန်းပြဆရာ) ဦးဝေယံစိုးက “ ညွန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်း ရဲ့ ထုတ်ပြန်ချက်ကိုမပြင်သရွေ့ ဆက်လက်တိုက်ပွဲ၀င်နေမှာပဲ။ တကယ်လို့ပြင်လိုက်မယ် ညှိနှိုင်းဆွေးနွေးမယ်ဆို လက်ခံလို့ရ သေးတယ်။ အခုက ကျနော်တို့ကိုလည်း confirm မလုပ်ဘူး၊ ဘာလဲမလုပ်ဘူးဆိုတော့ တင်းမာဖို့ဖြစ်လာမယ့် အခြေအနေပဲရှိတယ်။ ဒီထက်ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။ ဒီမိုကရေစီယန္တရားကိုလည်ပတ် နေချိန်မှာ ဒီမိုကရေစီစနစ်ကိုသွားရမယ့်အစား အာဏာရှင်ဆန်တဲ့စနစ်၊ ကိုလိုနီဆန်တဲ့စနစ်ကို သွားမယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်တော့မှ ရောက်မှာမဟုတ်ဘူးလို့လည်း  ဦးဝေယံစိုးက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ထား၀ယ်-ရေးလမ်းအတိုင်းဆန္ဒထုတ်ဖော်ရန်ခွင့်ပြုချက်ရယူထားပေမယ့် လမ်းကြောင်းပြောင်းပြီး ဥတ္တားကြီးလမ်းဆုံမှ တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးရှေ့သို့ချီတက်ကာ အာဇာနည်လမ်းအတိုင် ဆက်သွားဖို့ပြင်နေစဉ် ရဲတပ်ဖွဲ့ကတားမြစ်ခဲ့ပေမယ့်  ပညာရေးကောလိပ်သို့ ဆက်လက်ချီ တက်ခဲ့ကြပါတယ်။ ထား၀ယ်ပညာရေးကောလိပ်က ကျောင်းသား/သူများ စုပေါင်းပြီး ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း အတန်းငယ်တွေ စာမေးပွဲကာလကို မတ်လနောက်ဆုံးပတ်ထိ နောက်ဆုတ်တာကို ကန့်ကွက်တဲ့အနေနဲ့ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ သတင်း-တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024