Home
မြန်မာသတင်း
ကရင့်တော်လှန်ရေးနေ့ ကေအန်ယူဗဟိုအပါအဝင် ခရိုင်နှင့်မြို့နယ်တို့တွင် ကျင်းပ
DVB
·
January 31, 2020
83878381_2001416143337088_7714201003842600960_o
83398944_2001412326670803_149805165044563968_o
83326000_2001415680003801_7059041491305365504_o
ဒီကနေ့ ကျရောက်တဲ့ နှစ် ၇၁ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဗဟိုဌာနချုပ်ရှိရာ ဘားအံခရိုင်၊ လေးဝါးအပြင် တခြား ကေအန်ယူထိန်းချုပ်ရာ ခရိုင်နဲ့မြို့နယ်တွေမှာ ကျင်းပနေပါတယ်။ အခုလက်ရှိအချိန်မှာ မိမိတို့အနေနဲ့ ခုခံတော်လှန်ရေးကာလအတွင်းမှာသာ ရှိနေဆဲဖြစ်ပြီး ကရင်အမျိုးသာများရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေ ပြီးပြည်စုံစေဖို့ ကရင်အမျိုးသားတွေနဲ့အတူ ကျရာအခန်းဂဏ္ဏအသီးသီးမှာ လက်တွဲလုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဒီကနေ့ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။   ဒါ့အပြင် ကေအန်ယူအနေနဲ့ လက်နက်ကိုင်တော်လှန်တဲ့န ည်းလမ်းကနေ ၂၀၁၅ ခုမှာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထဲမှာ လက်နက်ကိုင်ခုံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် တဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ မိမိတို့ မျှော်မှန်ထားတဲ့ ရည်မှန်းချက်မရသေးကြောင်း ပြောပါတယ်။ “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ပါ သဘောတူညီချက်များ အတိုင်း အပစ်အခတ်ရဲစဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးတွေကို အကောင်အထည်ဖော်ဆောင် လာခဲ့တာမှာ ၄ နှစ်တိုင်ရှိခဲ့ပြီ။ သို့ရာတွင် တိုင်းရင်းသားလူမျိုးများနှင့် နိုင်ငံသူနိုင်ငံသားများ အမှန်တကယ် ရည်မှန်းထားတဲ့အတိုင် အကောင်အထည်ဖောင်ဆောင်မှုများ မလုပ်ဆောင်နိုင်တဲ့ အပြင် အပစ်အခတ်ရပ်စဲရေးကိုခိုင်မာစေမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို သဘောတူညီချက် များအတိုင်း အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်မှုများ မရှိခဲ့သည်အတွက် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပါသည်။” လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။ နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုဌာနချုပ်ရှိရာ ဘားအံခရိုင်၊ ကလိုယော်လေးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကို ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်မှာ ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေစတင် ဖြစ်ပွားခဲ့တဲ့နေ့ကို ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024