Home
ရုပ်သံ
ထူးအယ်လင်း၊ ယုန်လေးတို့သီဆိုထားသည့် Original Gangster 3 ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
January 31, 2020
83490279_2770464863003425_8391494522965590016_o
       “ကြောက်စိတ်မရှိတဲ့ကောင်တွေ… စီးချင်းထိုးမယ့်ပွဲ… ဂန်းစတားတွေလာပြီ ဟေ့ ရောင်… မင်းတို့လူစုခွဲ… ကျည်တတောင့် မင်းခေါင်းထဲ… လက်ဆောင်ပစ်ထည့်… လူ့အ သက်မှာ Spare Part မရှိ… ကြည်ညိုရင်ကိုးကွယ်… မင်းကို ငရဲပြည်ပို့မယ့်ဘဲ”        ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ Original Gangster 3 ရုပ်ရှင်ဇာတ် ဝင်တေးတပုဒ်ဖြစ်ပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့တာပါ။        ဒီသီချင်းကိုတော့ အဆိုတော် ယုန်လေးနဲ့ Ice Cold တို့က ရေးစပ်ထားတာဖြစ်ပြီး အဆိုတော် ထူးအယ်လင်း၊ ယုန်လေး၊ Ice Cold တို့က ပူးပေါင်းသီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။        “မသေချင်ပုန်းနေ… ချာတိတ်ရေ… ငါတို့နဲ့တွေ့ရင် ပြန်လမ်းမရှိ… မင်းက ဓားနဲ့ ဆို ငါသေနတ်နဲ့ ပစ်သတ်မှာ… မင်းအသက်ရှင်ဖို့အတွက် ငါ့ကို သေချာပစ်မှတ်ထား… လူသတ်ကွင်းထဲ စိန်ခေါ်ပြီး ကျွတ်ပြီး ပလစ်မထွက်ရ… ဝရမ်းထုတ်ပြီး ပစ်သတ်မှာ OG စစ်တပ်က”        ဒီသီချင်းရုပ်သံဗွီဒီယိုကိုတော့ ဂန်းစတားပုံစံ ခပ်မိုက်မိုက် အပြင်အဆင်တွေနဲ့ ရိုက် ကူးထားခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ တခြားအဆိုတော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နိုင်း ဝမ်း၊ အောင်လေး၊ ထက်အောင်သျှိုင်း၊ ဇေရဲ၊ Jenny၊ နွေးနွေးချစ်ဖွယ်၊ ဘေဘီမောင်စတဲ့ သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ထားကြတာ ဖြစ်ပါတယ်။        ယုန်လေးဟာ အဆိုတော်သရုပ်ဆောင်တွေ အများစုပါဝင်တဲ့ Original Gangster ရုပ်ရှင်ကား ၂ ကား ရိုက်ကူးခဲ့ပြီး ဒီကားကတော့ ခုနောက်ထပ်ရိုက်ကူးထားတဲ့ ရုပ်ရှင် ကားတကား ဖြစ်ပါတယ်။        “လာလာစားတယ်နော်… မင်းကအီရန်လိုမျိုး… မင်းကိုပစ်သတ်ဖို့… ငါ့မှာ ကျည် ဆန်တွေပိုလို့… လေတလုံး မိုးတလုံးနဲ့ မင်းက စကားလုံးနဲ့ ပစ်ချတာ… ငါက ခလုတ်နှိပ် ပြီး မင်းရှိတဲ့နေရာ… Drone နဲ့ ပစ်ချမှာ”        ဒီသီချင်းရုပ်သံကိုတော့ Tay Than Thar Music ကနေတဆင့် မျှဝေပေးထားခဲ့တာ ဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့ပါတယ်။        မြင့်မြတ်၊ ယုန်လေး၊ ထူးခြား၊ ယုသန္တာတင်တို့ ပါဝင်မယ့် ဒီရုပ်ရှင်ကားဟာ လတ် တလောမှာတော့ ဆင်ဆာကျခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024