Homeမြန်မာသတင်း
ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်၊ လှိုင်သာယာမြို့နယ်ကို အရှေ့အနောက် နှစ်ပိုင်းခွဲ
ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်၊ လှိုင်သာယာမြို့နယ်ကို အရှေ့အနောက် နှစ်ပိုင်းခွဲ
DVB
·
January 31, 2020
ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ကို ဗိုလ်တထောင်မြို့နယ်ထဲထည့်သွင်းလိုက်ပြီး လှိုင်သာယာ မြို့နယ်ကို အရှေ့လှိုင်သာယာနဲ့ အနောက်လှိုင်သာယာမြို့နယ်တွေအဖြစ် တရားဝင် ပြင်ဆင်ဖွဲ့စည်း လိုက်ပါတယ်။
ဇန်နဝါရီ ၃၀ ရက်ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတရုံးက ပေးပို့တဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ ရှေ့ပြေးသန်းခေါင်စာရင်းတွေအရ လှိုင်သာယာမြို့နယ်မှာ လူဦးရေ ၁ သန်းကျော်ရှိနေတာ ဖြစ်ပါတယ်။
ဆိပ်ကမ်းမြို့နယ်မှာတော့ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀ ကျော်သာ နေထိုင်ပြီး ဆန္ဒမဲပေးနိုင်သူ ဦးရေကလည်း ၈၀၀ ခန့်သာ ရှိနေတာဖြစ်ပါတယ်။
လူဦးရေထူထပ်တဲ့ လှိုင်သာယာမြို့နယ်ကို အရှေ့အနောက် နှစ်ပိုင်းခွဲလိုက်တာဖြစ်ပြီး လူဦးရေနည်းပါးတဲ့ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။