လားရှိုးမြို့နယ်တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
January 30, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ မနေ့က ဘိန်းဖြူနဲ့ စိတ်ကြွဆေး မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ လောက်က လားရှိုးမြို့နယ်၊ ပုန်းထွန် ကျေးရွာအနီး လားရှိုး-မန္တလေးကားလမ်း မိုင်တိုင်(၁၅၅/၄) မှာ ဦးထူးစိန်(စိစစ်ဆဲ) မောင်းနှင်လာတဲ့ GG/×××× AD Van ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်နောက်ခန်းမှာ လိုက်ပါလာသူ ခရီးသည် ဒေါ်ဥမ္မာရဲ့ ခရီးဆောင်အိတ် ၂ လုံးအတွင်းမှ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ် ဆေးပြား ၉၀၀၀၀ ပြား၊ ဆပ်ပြာခွက် ၆၆ ခွက် ဖြင့်ထည့်ထားတဲ့ ဘိန်းဖြူ ၀ ဒသမ ၆၆ ကီလိုနဲ့ ငွေ ၉၀,၀၀၀ ကျပ် တို့အား ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဒေါ်ဥမ္မာ ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။