Home
သတင်းဓာတ်ပုံ
စားနပ်ရိက္ခာအကူအညီလိုအပ်နေသည့် ဘူးသီးတောင်က စစ်ဘေးရှောင်စခန်း (သတင်းဓာတ်ပုံ)
DVB
·
January 30, 2020
DSC_0299
DSC_0292
DSC_0287
DSC_0275
DSC_0271
DSC_0256
DSC_0248
DSC_0235
DSC_0227
DSC_0225
DSC_0223
DSC_0195

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးဒုက္ခသည်တွေထပ်တိုးရောက်လာနေလို့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေဆဲလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းစဖွင့်ချိန်မှာ လူဦးရေအနည်းငယ်သာရှိခဲ့ပေမယ့်ခုချိန်မှာတော့ ကျေးရွာပေါင်း ၁၉ ရွာက အိမ်ထောင်စု ၄၅၀ နီးပါး လူဦးရေ ၂၀၀၀ ခန့်ခိုလှုံနေကြပြီဖြစ်ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အစိုးရဆီက လူတဦးကို တရက်စာ ဆန် ၂ ဘူးစီသာ ထောက်ပံ့ပေးတာမို့ ထမင်းဟင်းတွေချက်ဖို့ လောင်စာအဖြစ် ထင်းတွေ အဓိကလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကအစ ကိုယ်တိုင်ဝယ်ယူ ချက်စားနေကြရပေမယ့် အလုပ်အကိုင်မရှိဝင်ငွေမရှိတာမို့ ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို အစိုးရနဲ့ နိုင်ငံတကအဖွဲ့အစည်းတွေက လုပ်ဆောင်ပေးစေချင်တယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့စို့ကလေးတွေ၊ ကျောင်းနေအရွယ် ကလေးငယ်တွေနဲ့ အမြင်အာရုံချို့ယွင်းနေတဲ့ အသက်ကြီးအမျိုးသမီးကြီးတဦးလည်း ခိုလှုံနေထိုင်နေကြတာပါ။  သက်ကြီးရွယ်အိုတချို့ကတော့ ကျန်းမာရေးချို့ယွင်းလို့ သေဆုံးသွားတာလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည် တသိန်းကျော်အထိရှိနေပြီလို့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

 

Photo - Kaung Mrat Naing / MPA 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024