မစ်ရှယ်လင်ကြယ်တံဆိပ် ၃ ဆု ချီးမြှင့်ခံရသည့် ပထမဆုံး ဂျပန်စားဖိုမှူး

785
ခေးကိုဘာယာရှီဟာ ပြင်သစ်နိုင်ငံမှာ မစ်ရှယ်လင်ကြယ်တံဆိပ် ၃ ခုချီးမြှင့်ခံရတဲ့ ပထမဆုံး ဂျပန်စားဖိုမှူး ဖြစ်လာပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာ နာမည်ကျော် မစ်ရှယ်လင် လမ်းညွှန်စာအုပ်က မှတ်တမ်းဝင် စားသောက်ဆိုင်သစ် ၆၃ ဆိုင်ကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တာပါ။
ပဲရစ်မြို့လယ်ကောင်မှာ ခေး နာမည်နဲ့ စားသောက်ဆိုင် ဖွင့်ထားတဲ့ ကိုဘာယာရှီဟာ သူ့ရဲ့ အတတ်ပညာကို ပြင်သစ် ထိပ်တန်းစားဖိုမှူး နှစ်ယောက်နဲ့အတူ သင်ယူခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ တခြားစားဖိုမှူး နှစ်ယောက်ကလည်း တတိယမြောက် ကြယ်တံဆိပ်ကို ရရှိခဲ့ပါတယ်။ သူတို့ကတော့ ခရစ္စတိုဖာကူဆော်ဆိုနဲ့ ယွန်းဒရေဆာရယ်တို့ ဖြစ်ပါတယ်။
ဒီနှစ်အဖို့ မစ်ရှယ်လင် လမ်းညွှန်စာအုပ်က သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု အရှိဆုံး စားသောက်ဆိုင်တွေကို အသစ်ရွေးချယ်ခဲ့ပါတယ်။
ဆုရစားဖိုမှူးတွေဟာ ဒေသ၊ သဘာဝနဲ့ ရာသီစာ ထွက်ကုန်တွေကို သဘာဝဝန်းကျင်နဲ့ လိုက်လျောညီထွေ အရှိဆုံးဖြစ်အောင် မွမ်းမံပြင်ဆင်ရပါတယ်။
မစ်ရှယ်လင် ကြယ်တံဆိပ် ၃ ခု ချီးမြှင့်ခံရသူ ကိုဘာယာရှီကတော့ “စားဖိုမှူးအလုပ်မှာ ခံစားမှု လိုအပ်ပြီး ပျော်ရွှင်မှုကို အသင်းအဖွဲ့နဲ့အတူ ဝေမျှသွားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။