Home
မြန်မာသတင်း
ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း လုပ်ကြံသတ်ဖြတ်ခံရခြင်း  ၃ နှစ်ပြည့်ပွဲကျင်းပ
DVB
·
January 29, 2020
83943689_2462244534029029_2161799203494297600_n
83749006_2462244584029024_6638368316748464128_n
83220777_2462244417362374_764548747563630592_n
83102204_2462244660695683_315930767727263744_n
83094597_2462244627362353_8882081299720830976_n
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ လုပ်ကြံ သတ်ဖြတ်ခံရမှုမှာ အဓိကတရားခံတွေ ဖမ်းမမိသေးဘဲ ကျန်နေသေးတာကြောင့် တရားမျှတမှု မရသေးဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အန်အယ်လ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း သေဆုံးတာ  ဒီကနေ့ဆိုရင် သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ သူတို့နှစ်ဦး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားကိုတော့ ဇန်နဝါရီ ၂၉ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ရာမှဦ အဲဒီပွဲကို ဘာသာအသီးသီးက ခေါင်းဆောင်တွေ၊ ပါတီအသီးသီးကခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေ တက်ရောက်ကြပါတယ်။ ဦးကိုနီနဲ့ ဦးနေဝင်း အသတ်ခံရမှုမှာ သေနတ်သမား ကြည်လင်းနဲ့ ကြိုးကိုင်သူ အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့၊ အဲဒီလုပ်ကြံမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုးကိုတော့ ထောင်ဒဏ် ငါးနှစ်၊ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ် ကျခံဖို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ထားပါတယ်။ အဲဒီအမှုမှာ အဓိကပါဝင်တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကတော့ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲပါ။ ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024