DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ကောင်စီနှင့် သမ္မတရုံး အသုံးစရိတ် များနေသည့်အတွက် ခွဲဝေပေးရန် ဆွေးနွေး
DVB
·
February 26, 2013
နေပြည်တော်ကောင်စီနှင့် သမ္မတရုံး အသုံးစရိတ် များနေသည့်အတွက် ခွဲဝေပေးရန် ဆွေးနွေး
Donate to DVB

နေပြည်တော်ကောင်စီနဲ့ နိုင်ငံတော် သမ္မတရုံး အသုံးစရိတ်ဟာ များနေတဲ့အတွက် တိုင်းနဲ့ ပြည်နယ်ကို ခွဲဝေပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။

နေပြည်တော်ကောင်စီနဲ့ သမ္မတရုံးရဲ့ အသုံးစရိတ်ဟာ များနေတဲ့အတွက် ရပ်ဆိုင်းသင့်တဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေကို ခွဲဝေပေးဖို့ ပြည်သူ့လွှတ်တော် အမတ် ဦးမောင်တိုးက ဆွေးနွေးခဲ့တာပါ။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ စီမံကိန်း အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကျင်းပတဲ့ လွှတ်တော်မှာ ဆွေးနွေးကြတာလို့ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက ပြောပါတယ်။

“နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ်က အသုံးစရိတ်တွေထက် သိပ်ပြီး များနေတယ်။ နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ် မလုပ်သင့်တဲ့ဟာတွေ၊ ဆိုင်းငံ့လို့ရတဲ့ဟာတွေကို ဆိုင်းငံ့ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အချိုးကျ ခွဲဝေပေးဖို့ ဦးမောင်တိုးက ဆွေးနွေးတယ်။ ရာခိုင်နှုန်းတွေက သိပ်များနေပြီး နေပြည်တော်ကောင်စီနဲ့ နိုင်ငံတော် သမ္မတရုံး ဒီနှစ်ခုက အရမ်းများနေတယ်။ တိုင်းနဲ့ပြည်နယ်တွေရဲ့ ဘတ်ဂျက်က အရမ်းနည်းနေတယ်ပေါ့။”

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စီမံကိန်းတွေ အစိုးရက လုပ်ပေးမယ်လို့ ကတိပေးထားပေမယ့် အကောင်ထည်မဖော်ဖြစ်တဲ့ စီမံကိန်းတွေကိုလည်း အသုံးစရိတ်ထဲမှာ ထည့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013