Home
မြန်မာသတင်း
သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် ဖော်ဝါရီလ ၁ ရက်နေ့စတင် ဖွင့်လှစ်မည်
သူသူအောင်
·
January 28, 2020
သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ ပွဲတော်ဖြစ်မြောက်ရေးတာဝန်ခံ ကိုတေဇာဝင်းထွန်းက ပြောပါတယ်။  ဒုတိယအကြိမ်မြောက်ကျင်းပမယ့် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အခုနှစ်မှာတော့ ကယားပြည်နယ်က ဦးဆောင်ပြုလုပ်သွားမှာဖြစ်ပြီး ကယားပြည်နယ်ရဲ့ တံခွန်တိုင်ကိုလည်း အခမ်းအနားမှာ စိုက်ထူသွားမှာဖြစ်ပါတယ်။  အခမ်းအနားစတင်ဖွင့်လှစ်တဲ့နေ့မှာတော့ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတဲ့ တေးသီချင်းသီဆိုမှာ ဖြစ်ပြီး ကယားပြည်နယ်က လူအင်အား ၃၀၀ ကျော်နဲ့ သီဆိုကပြဖျော်ဖြေသွားမှာလည်း ဖြစ်ပါတယ်။  တိုင်းရင်းသားရေးရာဝန်ကြီးဌာနကနေ ဦးဆောင်ပြီး ကျင်းပတဲ့ ဒီပွဲတော်မှာ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ဖွင့်လှစ်ကာ တိုင်းရင်းသားတွေရဲ့ လက်မှုပညာ၊ တိုင်းရင်းသားတွေရဲ့ ဒေသထွက် စားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေကိုလည်း ရောင်းချသွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ ဖျော်ဖြေရေးအစီအစဉ်တွေ တိုင်းရင်းသားတွေရဲ့ Miss အလှမယ် ပြိုင်ပွဲတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။  အခမ်းအနားမှာအဆိုတော် ဇော်ဝင်းထွဋ်၊ ဝေလ၊ သာဒီးလူ၊ အောင်ထက်၊ နီနီခင်ဇော်၊ ချမ်းချမ်း စတဲ့အနုပညာရှင်တွေ ဖျော်ဖြေတင်ဆက်သွားမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024