Home
မြန်မာသတင်း
ညောင်ရွှေဆေးရုံ၌ တရုတ်နိုင်ငံသူ လူနာ ၁ ဦးကို စောင့်ကြည့်လူနာအဖြစ်ကုသပေးနေ 
DVB
·
January 27, 2020
83220017_1072703716403063_6778386449621319680_n
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ၊ ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်တဲ့ တရုတ် နိုင်ငံသူ တဦး ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲလောက်က ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံသို့ ဝမ်းလျှော၊ အဖျားရောဂါနဲ့ တက်ရောက်ဆေးကုသမှုခံယူနေပါတယ်။ အဆိုပါ တရုတ်အမျိုးသမီးဟာ အဖျားရောဂါရှိတာကြောင့် စောင့်ကြည့်လူနာတဦးအနေနဲ့ သီးသန့်ဆောင်မှာထားရှိကုသပေးပြီး ယနေ့မှာ အဖျားကျသွားပြီဖြစ်ပေမယ့် ဆေးရုံပေးမဆင်းဘဲ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။ ညောင်ရွှေမြို့နယ်ကျန်းမာရေးဌာန ဒေါက်တာ ကောင်းမြတ်က“သူကဝမ်းလျောလို့လာပြတာ အဖျားလေးနည်းနည်းရှိတော့ ဆေးရုံကောက်တင်လိုက်တာ၊ တရုတ်က လာတယ်။ တရုတ်နိုင်ငံသူ ဖြစ်ပြီး အဖျားရှိတော့ ဆေးရုံတင်လိုက်တာ၊ ဒီနေ့မနက်၊ နေ့လယ် အဖျားမရှိတော့ဘူး၊ ဝမ်းမသွားတော့ဘူး၊ လူလည်းလန်းပြီ သွေးအဖြေလည်း ကောင်းတယ်။ ဝူဟန်ဗိုင်းရပ်နဲ့ ပတ်သက်တဲ့လက္ခဏာမရှိဘူး သို့သော်စောင့်ကြည့်နေပါတယ်”လို့ ပြောပါတယ်။ အဲဒီ တရုတ်နိုင်ငံသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က ပေကျင်းမြို့မှ ကူမင်း မြို့သို့ သွားရောက်ခဲ့ပြီး အဲဒီကတဆင့် ၂၃ရက်နေ့မှာ မြန်မာနိုင်ငံရို ရောက်ရှိခဲ့ပြီး ၂၄ ရက်နေ့က အင်းလေးဒေသ ညောင်ရွှေမြို့သို့ရောက်ရှိ တည်းခိုနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၆ ရက်နေ့က တရုတ်နိုင်ငံကို ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေစဉ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဖျားနာလာတဲ့အတွက် ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူနေတာပါ။ လူနာသည် တရုတ်နိုင်ငံသူတစ်ဦးဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော၍ ဖျားနားနေခြင်းကြောင့် မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်မှာ (Under Observation-စောင့်ကြည့်လူနာ) အနေနဲ့ ထားရှိကုသနေပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024