အကယ်ဒမီ ရွှေကြိုမောင်မယ်များရွေးချယ်
သူသူအောင်
·
January 27, 2020
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင် ခေါ် ရွှေကြို မောင်မယ်တွေ ရွေးချယ်ပွဲကို ရန်ကုန် တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
ရွှေကြိုမောင်မယ်ရွေးချယ်တာတွေကို အရင်က အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်သားသမီး တွေကိုဘဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲကို လာမယ့်မတ်လ ၂၉ ရက်နေ့ကျင်းပဖို့လျာထားတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သိရပါတယ်။