အနော်ရထာတံတားပေါ်မှ အမျိုးသမီးငယ် ၁ ဦး ခုန်ချသေဆုံး
DVB
·
January 27, 2020
မကွေးတိုင်း၊ ချောက်မြို့၊ ဆိပ်ဖြူ အနော်ရထာတံတားပေါ်ကနေ အမျိုးသမီးငယ်တဦး ဇန်နဝါရီ ၂၆ ည ၆ နာရီလောက်က ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ချောက်မြို့မ ရဲစခန်းက သိရပါတယ်။
အနော်ရထာ တံတားပေါ်ကနေ လူခုန်ချကြောင်း သတင်းအရ သွးရောက်စစ်ဆေးစဉ် တံတားတိုင်အမှတ် (P-4) အောက် အုတ်ခုံပေါ်မှာ အသက် ၂၁ အရွယ် အမျိုးသမီးဟာ ဦးခေါင်း နောက်ပိုင်း ပိန်ချိုင့်၊ နားနဲ့ နှာခေါင်း သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ချောက်မြို့မ ရဲစခန်း တာဝန်မှူးထံက သိရပါတယ်။
ချောက်မြို့ မီးသတ်တပ်ဖွဲ့ဝင်တွေက အသက်ကယ်လှေတစီး၊ ပုဂ္ဂလိကပိုင် စက်လှေတစီးတို့နဲ့ ရုပ်အလောင်းအား သယ်ဆောင်ပြီး ချောက်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ချောက်မြို့ မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။
သေဆုံးသူဟာ မသဉ္ဇာကျော်ဖြစ်ပြီး ချောက် မြို့မရဲစခန်းက သေမှု သေခင်းနဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း- ကိုလင်း(ချောက်)