DVB Logo
Home
မြန်မာသတင်း
လူရည်ချွန်စာရင်း ပညာရေးဝန်ကြီးဌာန ကြေညာ
DVB
·
February 26, 2013
လူရည်ချွန်စာရင်း ပညာရေးဝန်ကြီးဌာန ကြေညာ
1 / 2
Donate to DVB

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တနိုင်ငံလုံးမှာရှိတဲ့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ခရိုင်အလိုက် လူရည်ချွန်ကျောင်းသားစာရင်းတွေကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ပြည်နယ်တိုင်းဒေသကြီးတွေရဲ့ ခရိုင်အလိုက် လူရည်ချွန် ၅၁၀ စာရင်းကို ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

[caption id="attachment_36865" align="alignright" width="249" caption="(Photo_ Dr Ko Ko Gyi)"][/caption]

လူရည်ချွန်ရွေးချယ်တဲ့နေရာမှာ ရေးဖြေနဲ့ ကာယကြံ့ခိုင်မှုတွေ စစ်ဆေးပြီး ရွေးချယ်ခဲ့တယ်လို့ ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ခင်မာထွေးက ပြောပါတယ်။

“မြို့နယ်အလိုက် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းကို ကျောင်းတွေကနေပြီးတော့ လူရည်ချွန်ရွေးဖို့အတွက် စာမေးပွဲ ဖြေခိုင်းလိုက်တယ်။ ပြီးတော့ ခရိုင်အလိုက် ပြန်ပြီးတော့ ရွေးလိုက်တာ။ ရေးဖြေရယ်၊ ကြံ့ခိုင်မှု စွမ်းရည်ရယ် အဲဒါတွေ ဖြေခိုင်ပြီးတော့မှ ရွေးလိုက်တာပါ။”

တက်ရောက်နေတဲ့ စာသင်ကျောင်း၊ မြို့နယ်အဆင့်နဲ့ ခရိုင်အဆင့် ၃ ဆင့် ၃ ကြိမ် ဖြေဆိုစေပြီး ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု ရွေးချယ်လိုက်တဲ့ လူရည်ချွန်ကျောင်းသားတွေကို အုပ်စုခွဲပြီး အင်းလေး၊ ပုဂံ၊ ပုပ္ပားနဲ့ ငွေဆောင်စတဲ့ ဒေသတွေကို အပမ်းဖြေလေ့လာရေးခရီး စေလွှတ်မှာဖြစ်ပြီး၊ နေပြည်တော်မှာ လူရည်ချွန်တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တာဝန်ခံ ဒေါက်တာသိန်းလွင်ကတော့ လူရည်ချွန် ရွေးတာထက် ကျောင်းသားတွေ အသင်းအဖွဲ့ ဖွဲ့ပြီး စုစည်းလုပ်ဆောင်တာမျိုး လုပ်ပေးသင့်တယ်လို့ ပြောပါတယ်။

“လူအနည်းစုလေး တယောက်၊ နှစ်ယောက်ကို ထူးချွန်တာမျိုးကို ဆုပေးတာမျိုးဟာ လူအများစုကိုထိခိုက်တယ်။ လူအများနဲ့ဆန့်ကျင်ပြီး လူအနည်းလေးကို ဆုပေးတာမျိုး ကျနော်က မကြိုက်ဘူး။ ကျောင်းသားတွေလွတ်လပ်စွာ တွေးခေါ်စဉ်းစားတာဖြစ်စေချင်တယ်။ တက္ကသိုလ်တွေမှာ သူတို့ဟာသူတို့ လေ့လာသင်ယူပြီး အသိဥာဏ်မြင့်သွားတဲ့ အသင်းအဖွဲ့တွေ၊ ဥပမာ ကျောင်းသားသမဂ္ဂလို၊ ယဉ်ကျေးမှုအသင်းလို အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် လုပ်စေချင်တယ်။ ဒါမှ ကျောင်းသားတွေ တယောက်နဲ့ တယောက် အပြန်အလှန်ရိုင်းပင်းကူညီမယ်။ သူတို့ကိုယ်တိုင်လေ့လာမယ်။ ယဉ်ကျေးမှု၊ ဘာသာစကားတွေ တိုးတက်မြင့်မားလာမယ်။ ဒီမိုကရေစီကို အထောက်အကူပြုတဲ့ အခြေခံတွေ ပိုဖွံ့ဖြိုးလာမယ်။ အဲလိုဖြစ်စေသင့်တယ်။ အဲလိုပြောင်းလဲတာဖြစ်စေချင်တယ်။ လူအနည်းစုကို ဆုပေးတာမျိုးပဲ မဖြစ်သင့်ဘူး။”

လူရည်ချွန်ကျောင်းသားရွေးချယ်မှုဟာ ၁၉၆၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အခုတခါ ဒီနှစ်မှာ ပြန်လည်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013