ဘုတ်ပြင်းမြို့တွင် ဆရာ၊ ဆရာမများ ဆန္ဒပြ
DVB
·
January 27, 2020
အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲကာလ နောက်ဆုတ်ထားတာကို ပြန်လည်ဖျက်သိမ်းပေးဖို့ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့မှာ ဆရာ၊ ဆရာမတွေက မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူ ဆရာမြတ်မင်းဟိန်းခန့်က “အောက်ခြေဝန်ထမ်းတွေရဲ့ အခက်အခဲ၊ မိဘပြည်သူတွေရဲ့ အခက်အခဲကို သေချာမဆန်းစစ်ဘဲ မိမိတို့ လုပ်ချင်တာ လုပ်နေတာကြောင့် ခုလို ဆန္ဒဖော်ထုတ်ရတာ”လို့ ပြောပါတယ်။
ဆန္ဒဖော်ထုတ်ရာမှာ ဆရာ၊ ဆရာမတွေက လျောင်းတော်မူဘုရားကြီးကနေ စတင်ပြီး မြို့တွင်းကို လမ်းလျှောက်ကာ ဒီမိုကရေစီပညာရေး ဝေးပြီလား၊ လုပ်ငန်းခွင် အခြေပြုပညာရေး မြှင့်တင်ဖော်ဆောင်ပေး၊ အခြေခံပညာစာမေးပွဲကာလ ပြင်ဆင် နောက်ဆုတ်ခြင်းအား ပြင်ဆင်ပေးရေး၊ သုတေသနကို အခြေမခံသောပညာရေးစနစ် အလိုမရှိ စတဲ့ ပိုစတာတွေ ကိုင်ဆောင်ကာ တောင်းဆိုချက်တွေ ဟစ်ကြွေး စီတန်း လှည့်လည်ခဲ့ကြတာပါ။
လတ်ကိုကိုဦး