စိတ်ဝင်စားဖွယ် ဘောလုံးအားကစား သတင်းတိုထွာ

ချဲလ်ဆီးအသင်းဟာ ဟာဇတ်ရဲ့ ကွက်လပ်ကို ဖြည့်ဆည်းဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး သူ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် အခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူလိုတယ်လို့ နည်းပြလမ်းပတ်က ပြောဆိုခဲ့ပါတယ်။ ရိုးမားအသင်းဟာ အတ္တလန္တာအသင်းရဲ့ ဘရာဇီး နောက်ခံလူ အိုင်ဘာနက်ကို ခေါ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပြီ ဖြစ်ပါတယ်။  ကစားသမားဟာ ရိုးမားအသင်းနဲ့အတူ ဆေးစစ်မှုခံယူပြီး တနင်္လာနေ့မှာ အပြောင်းအရွှေ့ကို အပြီးသတ်သွားဖို့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုရီတီဘာအသင်းရဲ့ အသက် ၁၇ နှစ်အရွယ် ဘရာဇီး နောက်ခံလူ ယန်ကူတိုကို ယူရို ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပြီ ဖြစ်ပါတယ်။  ကူတိုဟာ ဘရာဇီး ယူ-၁၇ ကစားသမား ဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ တိုက်စစ်မှူး ပီယာတက်ခ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ကစားသမားရဲ့ အနာဂတ်အတွက် ဆွးနွေးခဲ့ပါတယ်။ ပီယာတက်ခ်ကို ပရီးမီးယားလိ ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့က ချိတ်ဆက်နေပါတယ်‌။ ဂါရတ်ဘေးအနေနဲ့ မန်ချက်စတာ ယူနိုက်တက် ဒါမှမဟုတ် တော့တင်ဟမ်အသင်းတို့ကို ပြောင်းရွှေ့သင့်တယ်လို့ ဘာဘာတော့ဗ်က အကြံပြုသွားခဲ့ပါတယ်။ ဂါရတ်ဘေးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လက်ရှိအနေအထားဟာ တခုခု မှားယွင်းနေတယ်လို့လည်း ဘာဘာတော့ဗ်က ယူဆနေပါတယ်။ အာဂျင်တီးနား ကစားသမား ဘန်နီဂါဟာ အခုရာသီကုန်ဆုံးချိန်မှာ ဆီဗီလာအသင်းက ထွက်ခွာပြီး ဆော်ဒီအာရေးဗျကလပ် အယ်လ်ရှာဘတ်အသင်းကို သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဘန်ယက်ဒါကို ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို မိုနာကိုအသင်းဘက်က ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်ကစားသမား အိန်ဂျယ်ဂိုးမက်ဇ်ကို စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ အသက် ၁၉ နှစ်အရွယ် လူငယ်ကြယ်ပွင့်ကို စပိန်နဲ့ အီတလီကလပ်အသင်းတွေက စိတ်ဝင်စားနေပါတယ်‌။ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဆူဆိုဟာ လာလီဂါကလပ် ဆီဗီလာအသင်းကို အငှား ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဆီဗီလာအသင်းဘက်က ဆူဆိုကို ၆ လ အငှားခေါ်ယူပြီး အပြီးသတ်ဝယ်ယူခွင့် ပါဝင်တဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up