၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
DVB
·
February 26, 2013

၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့ မဟာမုနိဘုရားကြီး သာသနာ ၂၅၀၀ ဗိမာန်မှာ ကျင်းပပါတယ်။ အခမ်းအနားမှာ အခြေခံဗုဒ္ဓဘာသာမွန်စာပေ၊ မွန်စကားပြော သင်တန်းဆင်းအောင်လက်မှတ်တွေ ချီးမြှင့်သလို အခြေခံပညာနဲ့ တက္ကသိုလ် ကောလိပ်တွေမှာ ထူးချွန်သူများကိုလည်း ဂုဏ်ပြုပါတယ်။
အခမ်းအနားကို မွန်တိုင်းရင်းသားရိုးရာအကတွေနဲ့ ဧည့်ခံဖျော်ဖြေပြီး မန္တလေးမြို့မှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစု ၁၁ စုကိုလည်း ဖိတ်ကြားခဲ့ပါတယ်။
(ဓာတ်ပုံ- ချစ်ကို၊ ငြိမ်းမိုးနောင်) Read more











