DVB Logo
Home
မြန်မာသတင်း
အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ
DVB
·
February 26, 2013
အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတလျှောက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေးချက်အရ ထောင်းလော် ရဲစခန်းက  ခြေရာခံလိုက်ခဲ့ရာမှာ  ကလေးတွေကို ခိုင်းစားနေတဲ့  ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က  မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက  ဖမ်းမိခဲ့တာလို့ ထောင်းလော်ရဲစခန်း တာဝန်ကျရဲမှူးကြီး ဗိုလ်မှူး ကျတ်ကျွန်း ကရတ်က ပြောပါတယ်။

[caption id="attachment_36841" align="alignright" width="300" caption="(Photo_ Dailynews)"][/caption]

အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးဟာ ကိုစိုးနိုင် (အသက် ၂၉) နှစ်၊ မရှိုဒါး (အသက် ၃၄) နှစ် နဲ့ မဖှာ့သီတာ (အသက် ၃၆) နှစ်တို့ဖြစ်ပြီး  ကလေးငယ်တွေကို  လမ်းဘေးမှာ ဈေးရောင်းခိုင်းတာ ဟုတ်မှန်ကြောင်း၊ အေကမိုင်းလမ်းမှာ ကလေးတွေကို ချိုချဉ်ဘန်းတွေနဲ့ လွှတ်ထားပြီး အချိန်တန်ရင် တိုက်ခန်းကို   ပြန်ကြိုခဲ့ကြောင်း  ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ထဲမှာ သူတို့ ခိုင်းစားနေတဲ့  အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် ၇ ဦးကို တွေ့ခဲ့ပြီး ဆိုင်ကယ် ၁ စီး၊ ငွေသား ထိုင်းဘတ် ၁၂၂၀ နဲ့ ချိုချဉ် ၁၇ ထုပ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့တယ်။

တရားခံ ၃ ဦးကို လူကုန်ကူးမှုနဲ့ လိုအပ်သလို ဆက်လက်အရေးယူဖို့ ရဲစုံစမ်းစစ်ဆေးရေးအဖွဲ့ လက်ထဲ အပ်ထားပြီး ကလေး ၇ ဦးကိုတော့ လူမှုဖွံ့ဖြိုးရေးနဲ့ မနုဿလုံခြုံရေး ၀န်ကြီးဌာနကနေ  ခေါ်ယူစောင့်ရှောက်ပေးဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013