နန်းတော်ရှေ့ စာကြည့်အသင်း ရာပြည့်အထိမ်းအမှတ်ပွဲ သမ္မတဟောင်း ဦးထင်ကျော် (ဓာတ်ပုံ)







3.3K
မန္တလေးမြို့ နန်းတော်ရှေ့စာကြည့်အသင်း နှစ် ၁၀၀ ပြည့် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်နေ့က မန္တလေးမြို့ ၁၉ လမ်း၊ ၆၁ လမ်း နဲ့ ၆၂ လမ်းကြားမှာ ကျင်းပခဲ့ပြီး အခမ်းအနားကို သမ္မတဟောင်း ဦးထင်ကျော် တက်ရောက်ခဲ့ပါတယ်။
နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်အသင်း ရာပြည့်အထိမ်းအမှတ်ပွဲကို နန်းတော်ရှေ့အားကစားကွင်းမှာ ဇန်နဝါရီ ၂၃ ရက်မှစတင်၍ ဇန်နဝါရီ ၂၇ ရက်ထိ ၅ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်အတွင်း စာအုပ်ဈေးရောင်းပွဲတော်နဲ့ စာကြည့်သင်းရဲ့ သမိုင်းဆိုင်ရာ ပြခန်းလည်း ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။
ရာပြည့်ပွဲတော် ပထမညမှာ လဝန်းအိမ်တေးဂီတအဖွဲ့နဲ့ တွဲဖက်ပြီး မန္တလေးအငြိမ့်ခန်း ကပြဖျော်ဖြေမှာပါ။ စာပေဟောပြောပွဲ ဒုတိယညမှာ စာရေးဆရာနေဝင်းမြင့်နဲ့ စာရေးဆရာ မခင်ခင်ထူးတို့၊ တတိယညမှာ စာရေးဆရာ ချစ်ဦးညိုနဲ့ စာရေးဆရာ ဦးဘုန်း (ဓာတု)၊ စတုတ္ထညမှာ စာရေးဆရာ ဆူးငှက်နဲ့ စာရေးဆရာ ညိုထွန်းလူတို့က နေ့စဉ် ညနေ ၆ နာရီက စတင်ပြီး စာပေဟောပြောကြမှာဖြစ်ပြီး ပဉ္စမညမှာ မြို့မတေးဂီတအဖွဲ့နဲ့ တွဲဖက်ပြီး အငြိမ့်ခန်းနဲ့ ကပြဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။
Photo - Kaung Zaw Hein / MPA