DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် ဥရောပ ၅ နိုင်ငံခရီးထွက်
DVB
·
February 26, 2013
သမ္မတ ဦးသိန်းစိန် ဥရောပ ၅ နိုင်ငံခရီးထွက်
1 / 2
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ပထမဆုံး ဥရောပခရီးစဉ်မှာ ပထမဆုံးအဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။

ဦးသိန်းစိန်ဟာ စကင်ဒီနေဗီးယန်း တိုင်းပြည်မှာ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး အဲဒီကမှ ဖင်လန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီနိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်မှာဖြစ်တယ်လို့ နော်ဝေတာဝန်ရှိသူတွေက ပြောပါတယ်။



ဒီခရီးစဉ်မှာ သမ္မတနဲ့အတူ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းတို့လည်း လိုက်ပါသွားပါတယ်။  မြန်မာသမ္မတဟာ သူ့ရဲ့ပထမဆုံး နော်ဝေကို ရောက်ရှိတဲ့ရက်မှာ နော်ေ၀၀န်ကြီးချုပ် ဂျန်စ် စတိုလ်တန်ဘာ့ဂ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အက်စ်ပန် ဘာ့သ် အိဒယ်တို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ နော်ဝေပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

အော်စလိုကို ရောက်ရှိစဉ်မှာ ဦးသိန်းစိန်က နော်ဝေအစိုးရနဲ့ အနာဂတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ၊ ဖွံ့ဖြိုးရေးအကူအညီတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ရှဲတယ် အယ်လ်ဆယ် ဘူတယ်ငန်က ပြောပါတယ်။

“လတ်တလောနှစ်တွေမှာ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ကိစ္စတွေ ဖြစ်ပေါ်ခဲ့ပြီးတော့ နောက်ထပ်လုပ်ဆောင်စရာတွေလဲ ရှိနေဆဲပဲပေါ့လေ။ နော်ဝေနိုင်ငံဘက်ကတော့ ဒီလိုအပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အားပေးထောက်ပံ့ဖို့နဲ့ အခြေအနေ အကြောင်းရပ်တွေကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် သွားနေတဲ့သူတွေကို ကူညီပေးဖို့ ကြိုးစားတာက အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်” လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ တော်ဝင်နန်းတော်မှာ လူထုပရိသတ်နဲ့ တွေ့ဆုံဖို့ရှိပြီး နော်ဝေဘုရင် ဟာရလ်ဒ်၊ မိဖုရား ဆွန်ဂျာနဲ့ အိမ်ရှေ့မင်းသား ဟာကွန်တို့လည်း တက်ရောက်ချီးမြှင့်မှာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကို နော်ဝေဘုရင်က တော်ဝင်နန်းတော်မှာ နေ့လည်စာနဲ့ဧည့်ခံမှာဖြစ်ပြီး ညစာစားပွဲကိုတော့ အယ်ကာဟပ်စ်ရဲတိုက်မှာ တည်ခင်းမှာဖြစ်တယ်လို့ သိရပါတယ်။
နော်ဝေအစိုးရဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို နော်ဝေငွေကြေး ခရိုနာ သန်း ၁၅၀ ထောက်ပံ့ကူညီခဲ့ပြီး မြန်မာနိုင်ငံတွင်း စီမံကိန်းတွေမှာလဲ ၀င်ရောက်ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက်သစ်နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေမှာလည်း ပါဝင်ဖို့ စီစဉ်နေပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013