DVB Logo
Home
သတင်းတို
လူရည်ချွန်စာရင်း ထုတ်ပြန်
DVB
·
February 26, 2013
Donate to DVB

ပညာရေးဝန်ကြီးဌာနဟာ ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တနိုင်ငံလုံးမှာရှိတဲ့ ၈ တန်း၊ ၉ တန်းနဲ့ တက္ကသိုလ်ဝင်တန်းတွေထဲက လူရည်ချွန်အဖြစ် ရွေးချယ်ခံရသူတွေ စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ လူရည်ချွန်စာရင်းထဲမှာ အတန်းတခုအတွက် တနိုင်ငံလုံးက ကျောင်းသား ၁၇၀ ရွေးချယ်ထားပြီး အတန်း ၃ တန်း စုစုပေါင်း ကျောင်းသားကျောင်းသူ အယောက် ၅၁၀ ရွေးချယ်ထားကြောင်း ဖော်ပြထားပါတယ်။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ အထက်တန်း အဆင့် ကျောင်းသူကျောင်းသားတွေထဲက ကျောင်းစာတင်မက ဘက်စုံထူးချွန်တဲ့ လူရည်ချွန်ရွေးချယ်မှုတွေကို အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၈၈ မတိုင်ခင် အထိ ပြုလုပ်ခဲ့ပါတယ်။

နောက်ပိုင်း န၀တ၊ နအဖ စစ်အစိုးရ လက်ထက် တလျှောက်လုံး ရွေးချယ်နိုင်ခြင်း မရှိဘဲ ဦးသိန်းစိန် အစိုးရလက်ထက် အခုနှစ်ကျမှ ပထမ ဦးဆုံးအကြိမ် ပြန်လည်ရွေးချယ်နိုင်တာ ဖြစ်ပါတယ်။
အရင်ခေတ် လူရည်ချွန်တွေကိုတော့ ရခိုင်ပြည်နယ် ငပလီ “ရွှေဝါချိုင်” အပန်းဖြေစခန်း ပို့လွှတ်တာမျိုး ရှိခဲ့ပေမယ့် လက်ရှိ ဒီလူရည်ချွန်တွေကို ဘယ်ကိုပို့ပြီး ဘယ်လို ဂုဏ်ပြုမယ် ဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013