DVB Logo
Home
မြန်မာသတင်း
အ​မေရိကန်-မြန်မာ ကုန်သည်ကြီး​များ​ စီး​ပွား​ရေး​ဆိုင်ရာ နား​လည်မှုစာချွန်လွှာ ​ရေး​ထိုး
DVB
·
February 25, 2013
အ​မေရိကန်-မြန်မာ ကုန်သည်ကြီး​များ​ စီး​ပွား​ရေး​ဆိုင်ရာ နား​လည်မှုစာချွန်လွှာ ​ရေး​ထိုး
1 / 2
Donate to DVB

အ​မေရိကန်-မြန်မာနိုင်ငံ နှစ်နိုင်ငံ ကုန်သည်ကြီး​များ​ စီး​ပွား​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ နား​လည်မှုစာချွန်လွှာ တရပ်ကို ဒီ​နေ့​ လက်မှတ်​ရေး​ထိုး​ခဲ့​ပါတယ်။

ရန်ကုန်မြို့​ မင်း​ရဲ​ကျော်စွာလမ်း​ရှိ မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​ စက်မှုလက်မှုလုပ်ငန်း​ရှင်များ​အသင်း​ချုပ် (ယူအမ်အက်ဖ်စီစီအိုင်) မှာ လက်မှတ် ​ရေး​ထိုး​ခဲ့​ကြတာ ဖြစ်ပါတယ်။

သယံဇာတ​ပေါများ​တဲ့​ မြန်မာနိုင်ငံမှာ ကုန်သွယ်​ရေး​နဲ့​ ရင်း​နှီး​မြှုပ်နှံမှု အခွင့်​အလမ်း​တွေကို ​လေ့​လာ​ဖော်ထုတ်ဖို့​ အ​လေး​ထား​ပါတယ်လို့​ အ​မေရိကန်စီး​ပွား​ရေး​လုပ်ငန်း​ရှင်အဖွဲ့​က ​ပြောကြား​ပါတယ်။

ဒီအဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​နှစ် နိုဝင်ဘာလက အ​မေရိကန်သမ္မတ ဘား​ရက်အိုဘား​မား​ရဲ့​ သမိုင်း​ဝင် မြန်မာပြည် ခရီး​စဉ်အပြီး​ မြန်မာနိုင်ငံကို လာ​ရောက်တဲ့​ ပထမဆုံး​ အ​မေရိကန် စီး​ပွား​ရေး​ ကိုယ်စား​လှယ် အဖွဲ့​ဖြစ်ပါတယ်။

အ​မေရိကန်အဖွဲ့​မှာပါတဲ့​ မစ္စတာ ဟန်း​နီဘီး​ဘာက “မြန်မာနိုင်ငံမှာ အစိုး​ရပိုင်း​၊​ ဘဏ္ဍာ​ရေး​ပိုင်း​နဲ့​ တခြား​ကိစ္စ​တွေနဲ့​ စပ်လျဉ်း​ပြီး​ တိုး​တက်မှု ​ခြေလှမ်း​ကြီး​တွေ လုပ်​ဆောင်လာပြီဆို​တော့​ ဒီကို နိုင်ငံ​တွေအများ​ကြီး​ ​ရောက်လာကြပြီ​လေ။ ဒါ့​ကြောင့်​ ​နောက် ၅ နှစ်၊​ ၁၀ နှစ်ဆို ဖွံ့​ဖြိုး​တိုး​တက်မှုက ပွင့်​တောင်ထွက်သွား​မှာကို မြင်​နေရတယ်လို့​” ​ပြောပါတယ်။

အ​မေရိကန် စီး​ပွား​ရေး​ကိုယ်စား​လှယ်အဖွဲ့​မှာ စိုက်ပျိုး​ရေး​လုပ်ငန်း​နဲ့​ ​မော်​တော်ယာဉ်လုပ်ငန်း​၊​ လျှပ်စစ်ပစ္စည်း​တွေ၊​ စွမ်း​အင်ပိုင်း​၊​ ကုန်စည်လက်လီဖြန့်​ချိမှုအပိုင်း​၊​ တယ်လီဆက်သွယ်​ရေး​နဲ့​ တခြား​လုပ်ငန်း​ ကုမ္ပဏီ​တွေက ကိုယ်စား​လှယ်​တွေ ပါဝင်တယ်လို့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်အဖွဲ့​က ဆိုပါတယ်။

MetLife, Cargill, Fedex, Chevron, General Motors, General Electric, Target, Honeywell နဲ့​ eBay စတဲ့​ အကြမ်း​ဖျင်း​ ကုမ္ပဏီ ၂ ဒါဇင်​လောက်ဟာလည်း​ မြန်မာပြည်ခရီး​စဉ်အတွက် ပြင်ဆင်​နေကြပါတယ်။

အ​မေရိကန်ပြည်​ထောင်စုဟာ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို တုံ့​ပြန်တဲ့​အ​နေနဲ့​ မြန်မာနိုင်ငံကို ပိတ်ဆို့​ဒဏ်ခတ်ထား​မှု​တွေ ​ဖြေ​လျော့​ပေး​ခဲ့​ပြီး​ သွင်း​ကုန်အများ​စု ကန့်​သတ်ပိတ်ပင်ထား​ချက်ကို ဖယ်ရှား​ခဲ့​ပါတယ်။

မြန်မာစီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက​တော့​ အ​မေရိကန်ရဲ့​ ​ထောက်ပံ့​ကူညီမှုကို ​ကျေး​ဇူး​တင်တယ်လို့​ ဆိုပါတယ်။

“ကျ​နော်တို့​နိုင်ငံရဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု ​ခေတ်သစ်မှာ အ​မေရိကန် ကုန်သည်ကြီး​များ​အသင်း​က အလွန်ကိုအ​ရေး​ပါပြီး​ အပြုသ​ဘော​ဆောင်တဲ့​ အခန်း​ကဏ္ဍက​နေ လုပ်​ဆောင်သွား​နိုင်တယ်လို့​ ကျ​နော် ထင်ပါတယ်။ အ​မေရိကန်ရဲ့​ သိပ္ပံနဲ့​နည်း​ပညာဆိုင်ရာ ကျွမ်း​ကျင်မှု​တွေနဲ့​ ဘဏ္ဍာ​ရေး​ပိုင်း​ အရင်း​အမြစ်​တွေဟာ ကျ​နော်တို့​နိုင်ငံရဲ့​ ဖွံ့​ဖြိုး​တိုး​တက်မှုကို ​ကောင်း​ကောင်း​ကြီး​ ကူညီ​ပေး​နိုင်ပါလိမ့်​မယ်" လို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​မှ လျှပ်စစ်နှင့်​ စက်မှုလက်မှုဝန်ကြီး​ ဦး​ဥာဏ်ထွန်း​ဦး​က ​ပြောပါတယ်။

ယူအမ်အက်ဖ်စီစီအိုင် ဥက္ကဋ္ဌ ဦး​ဝင်း​အောင်က​တော့​ တိုင်း​ပြည်ရဲ့​ စီး​ပွား​ရေး​အကျိုး​ရှိ​စေဖို့​ ​နောက်ထပ်ပိတ်ဆို့​ထား​မှု​တွေကို ရုပ်သိမ်း​ပေး​ဖို့​ ​မျှော်လင့်​တယ်လို့​ ဆိုပါတယ်။

"မြန်မာပြည်သူ အများ​စုရဲ့​ကောင်း​ကျိုး​အတွက် ပိတ်ဆို့​ထား​တာ​တွေအား​လုံး​ကို ရုပ်သိမ်း​ပေး​ပြီး​ ကျ​နော်တို့​ကို ကူညီ​ပေး​ဖို့​ အ​မေရိကန်အစိုး​ရကို ကျ​နော်တို့​ ပန်ကြား​ပါတယ်။ ဒါနဲ့​အတူ တခြား​ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေကို ​ထောက်ပံ့​ကူညီ​ပေး​သလိုပဲ ကျ​နော်တို့​နိုင်ငံကိုလဲ ဦး​စား​ပေး​အဆင့်​အ​နေနဲ့​ ပံ့​ပိုး​ကူညီ​ပေး​ဖို့​ ​မေတ္တာရပ်ခံပါတယ်။"

အ​မေရိကန်ပြည်​ထောင်စုရဲ့​စီး​ပွား​ရေး​စနစ်နဲ့​ ချိတ်ဆက်မိ​စေဖို့​ မြန်မာနိုင်ငံက ဘဏ်ကြီး​ ၄ ခုဖြစ်တဲ့​ မြန်မာ့​စီး​ပွား​ရေး​ဘဏ်၊​ မြန်မာ့​ရင်း​နှီး​မြှုပ်နှံမှုနဲ့​ စီး​ပွား​ရေး​ဘဏ်၊​ အာရှစိမ်း​လန်း​ရေး​ဖွံ့​ဖြိုး​မှုဘဏ်နဲ့​ ဧရာဝတီဘဏ်တို့​အ​ပေါ် ပိတ်ပင်ကန့်​သတ်ထား​ချက်ကိုလည်း​ အ​မေရိကန် ဘဏ္ဍာ​ရေး​ဝန်ကြီး​ဌာနက ​ဖေ​ဖော်ဝါရီလ ၂၂ ရက်​နေ့​က ရုပ်သိမ်း​ပေး​ခဲ့​ပါတယ်။

ဒါ​ကြောင့်​ ဒီဘဏ်​တွေဟာ အ​မေရိကန် စီး​ပွား​ရေး​ကုမ္ပဏီ​တွေ၊​ အဖွဲ့​အစည်း​တွေနဲ့​ ​ငွေ​ကြေး​ဆိုင်ရာကိစ္စ​တွေ လုပ်ကိုင်​ဆောင်ရွက်ခွင့်​ ရရှိမှာဖြစ်ပါတယ်။
ဒါ​ပေမယ့်​ မြန်မာအစိုး​ရ ပြုပြင်​ပြောင်း​လဲမှု​တွေက​နေ ​နောက်​ကြောင်း​ပြန်မှာကို စိုး​ရိမ်တဲ့​ အ​မေရိကန်အစိုး​ရက ပိတ်ဆို့​အ​ရေး​ယူမှုဥပ​ဒေ​တွေကို အင်အား​တခုအ​နေနဲ့​ ချန်ထားဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013